မြန်မာနိုင်ငံ အတွင်း ဝင်ရောက် ရင်းနှီး မြှုပ်နှံမည့် ပက်ပ်စီ အချိုရည် ကုမ္ပဏီနှင့် ကိုကာကိုလာ အချိုရည် ကုမ္ပဏီများ ပြည်တွင်းသို့ ဝင်ရောက် လာသော် လည်း ပြည်တွင်း အချိုရည် ဈေးကွက်တွင် သိသိသာသာ ထိခိုက်မှု မရှိနိုင်ကြောင်း ညောင်ပင်လေးဈေး ပလာဇာမှ အချိုရည်မျိုးစုံ လက်လီလက်ကား ရောင်းဝယ်သူများ ထံမှ စုံစမ်းသိရသည်။
မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသော ပက်ပ်စီနှင့် ကိုကာကိုလာဖျော်ရည်များမှာ လတ်တလောတွင် ဈေးနှုန်းကြီးမြင့်မှုကြောင့် လူနည်းစုသာသုံးစွဲနိုင်ပြီး လက်ရှိ ပြည်တွင်း၌ လူတန်းစားမရွေးအသုံးပြုနိုင်သော ကော်ဘူးဖျော်ရည်များကဲ့သို့ ထုတ်လုပ်မည်ဆိုပါက ပြည်တွင်း ဈေးကွက်ထိခိုက်လာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။
“အခုဈေးကွက်ထဲ ရောင်းနေတဲ့ ဗီဗီတို့လို၊ မက်စ်ပလပ်တို့လို ကော်ဘူးနဲ့လိုက်ထုတ်ပြီး ဈေးလည်းသင့်တင့်မယ်ဆိုရင်တော့ ဒီက အချိုရည် ဈေးကွက်ထိခိုက်လာနိုင်တယ်”ဟု ၄င်းက ဆိုသည်။
ယခုလက်ရှိ ပြည်တွင်း အချိုရည်ဈေးကွက်မှာ မိုးတွင်းကာလဖြစ်နေသဖြင့် ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်းသာရှိနေပြီး ထိုင်း နိုင်ငံမှ ဝင်ရာက်လာသော အချိုရည်များမှာ ရာသီဥတုနှင့် အခွန်ကိစ္စများကြောင့် အချိုရည်တစ်ကတ်လျှင် ကျပ် ၂၀ဝ၊ ၃၀ဝ ခန့် မြင့်တက်လာကြောင်း ညောင်ပင်လေးဈေးပလာဇာမှ အချိုရည်ပွဲရုံပိုင်ရှင်ဦးကျော်သိန်းက ပြောကြားသည်။
ပြည်တွင်း၌ လက်ရှိရောင်းချနေသော ဗီဗီ(လိုက်ချီး) တစ်ကတ်လျှင် ကျပ် ၄၇၅၀၊GC ရှားစောင်းနှင့် ဗီဗီ(ရော့ကာ)တစ်ကတ်လျှင် ကျပ် ၅၁၅၀၊ ထိုင်းနိုင်ငံမှဝင်ရောက်လာသော ကုတ်နှင့် စပရိုက် တစ်ကတ်လျှင် ကျပ် ၉၀ဝ၀ ၊ ဆန်းကစ်တစ်ကတ်လျှင် ကျပ် ၈၃၀ဝ ခန့်ရှိကြောင်း ညောင်ပင်လေးဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
No comments:
Post a Comment