ရော်ဘင် ဗန်ပါစီထံမှ အကောင်းဆုံး အရည်အသွေးများ ထွက်ပေါ်လာအောင် မိမိ၏ အသင်းက ကူညီမှု မပြုလုပ်နိုင်ခဲ့ဟု အဲဗာတန်အား အရေးနိမ့်သော ပွဲစဉ် အပြီးတွင် မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဝေဖန်လိုက်သည်။
ဖာဂူဆန်သည် ယခုပွဲတွင် အာဆင်နယ်မှ ခေါ်ယူထားသော် နယ်သာလန် လက်ရွေးစင်ကို ပွဲချိန် (၆၉)မိနစ်မှ လူစားလဲ အသုံးပြုခဲ့သည်။ ထိုအချိန်တွင် မန်ယူသည် မော်ရိုဖယ်လိုင်နီ၏ သွင်းဂိုးကြောင့် (၁-၀)ဖြင့် အရေးနိမ့်နေနှင့်ပြီး ဖြစ်သည်။ ဂွတ်ဒီဆင်ပါ့ခ်တွင် မန်ယူ အသင်းသည် ရာသီအဖွင့် အရှုံးရလဒ်နှင့် ကြုံတွေ့ခဲ့ရသည့်နောက် ဖာဂူဆန်က အသင်းအနေဖြင့် ဗန်ပါစီနှင့် အချိတ်အဆက် မမိခဲ့သော ကိစ္စကို ထောက်ပြ ပြောဆိုသွားသည်။ "ကျွန်တော်တို့ အသင်းဟာ ဗန်ပါစီ့ အနားမှာ ဘောလုံးကို အပေးအယူ ကစားလွန်းနေတယ်။ ဒါပေမဲ့ လုံလောက်တဲ့ ထိုးဖောက်နိုင်စွမ်း မရှိခဲ့ဘူး။ အသင်းမှာ ဗန်ပါစီလို ကစားသမား ရှိနေရင် သူ့ရဲ့ စွမ်းရည်ကောင်းတွေကို ရအောင် အသုံးချနိုင်ရမယ် ဆိုတာကို နားလည်ရပါမယ်။ အထူးသဖြင့် ဗဟို ခံစစ်မှူးတွေကို ကျော်ဖြတ်ရာမှာ သူက သိပ်ထူးချွန်တယ်။ ဒါပေမဲ့ အသင်းက သူ့ကို လုံလောက်တဲ့ အခြေအနေမျိုး မထောက်ပံ့နိုင်ခဲ့ဘူး" ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။
အသင်းမှာ ဗန်ပါစီလို ကစားသမား ရှိနေရင် သူ့ရဲ့ စွမ်းရည်ကောင်းတွေကို ရအောင် အသုံးချနိုင်ရမယ် ဆိုတာကို နားလည်ရပါမယ်။ အထူးသဖြင့် ဗဟို ခံစစ်မှူးတွေကို ကျော်ဖြတ်ရာမှာ သူက သိပ်ထူးချွန်တယ်။ ဒါပေမဲ့ အသင်းက သူ့ကို လုံလောက်တဲ့ အခြေအနေမျိုး မထောက်ပံ့နိုင်ခဲ့ဘူး..
Ref: Daily Mail
မန်ယူကွာ.... နလန်ပြန်ထူစမ်းပါဦး...
ReplyDelete