Thursday, 23 August 2012

တရုတ် ရေတပ် သင်္ဘောသည် အစ္စရေးနိုင်ငံ သို့ ပထမဆုံး အကြိမ် ခရီးလှည့်လည်


တရုတ်နိုင်ငံ ရေတပ်မှ ၁၁သုတ်မြောက် စောင့်ကြပ် တာဝန် ထမ်းဆောင် သည့် ချင်တောင် သင်္ဘော၊ ပန်ထိုက် သင်္ဘောနှင့် ဝေဆန်းဟူ သင်္ဘော အပါအဝင် စစ်သင်္ဘော ၃စင်း တို့သည် ၁၃.၈.၂၀၁၂နေ့ က ဟိုင်ဖှာမြို့ ဟိုင်ဖှာဆိပ်ကမ်းသို့ရောက်ရှိခဲ့ရာ၊ အစ္စရေးနိုင်ငံ၌၄ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။
ယင်းမှာ တရုတ်ရေတပ် သင်္ဘောများ အနေနှင့် အစ္စရေး နိုင်ငံသို့ ပထမဆုံးအကြိမ်ခရီးလှည့်လည်ကြခြင်းဖြစ်ကြောင်း တရုတ် သတင်းဌာနမှ သတင်း ကိုကိုးကား၍ စီအာအိုင်ကဖော်ပြသည်။ ဒေသစံတော်ချိန်၊ ၁၄ရက်၊ နံနက် ၁၀နာရီအချိန်က တရုတ် ရေတပ်သင်္ဘောများသည် ဆိပ်ကမ်းသို့ဆိုက်ရောက်ခဲ့ပြီး၊ တရုတ်၊ အစ္စရေး ၂နိုင်ငံရေတပ်တို့သည် ကြီးကျယ်ခမ်းနားသည့်ကြိုဆိုပွဲကို ကျင်းပကြသည်ဟုသိရပါသည်။



No comments:

Post a Comment