Tuesday, 21 August 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပါအ၀င် အလုပ်အကိုင်အခွင့်အလမ်း တိုးတက် လာသော်လည်း နယ်ပယ်အသီးသီး၌ ကျွမ်းကျင်ဝန်ထမ်း လိုအပ်မှုကြုံတွေ့

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှု အလားအလာနှင့်အတူ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်း အနေအထားများကြောင့် အလုပ်အကိုင် အခွင့်အလမ်းပိုင်းတွင် တိုးတက်မှုရှိလာသော်လည်း ကျွမ်းကျင်ဝန်ထမ်းရှားပါးမှုကို နယ်ပယ်အသီးသီးတွင် ကြုံတွေ့နေရကြောင်း သိရှိရသည်။ 
မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ၂၀၁၂ခုနှစ်အတွင်း နိုင်ငံရေးနယ်ပယ်မှ အပြောင်းအလဲများကြောင့် နိုင်ငံတကာ၏ အာရုံစိုက်မှု မြင့်တက်လာခဲ့ကာ မြန်မာ နိုင်ငံတွင်စီးပွားရေးလုပ်ငန်းများ လာ ရောက်လုပ်ကိုင်ရန် လေ့လာမှုများ၊ ဆွေးနွေးမှုများလည်း ပိုမိုလာခဲ့သည်။

ယင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာမည့်အလားအလာများနှင့် နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြည်ပနိုင်ငံများနှင့် ဆက်စပ်လျက် လုပ်ငန်းလုပ်ကိုင်ရမှု စသည်တို့ကြောင့် ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်လည်း မြင့်တက်လာသည်။
''မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အတားအဆီးတစ်ခုကတော့ လူ့အရင်းအမြစ် အားနည်းတာပါ။ မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်မီတဲ့ အင်ဂျင်နီယာတွေ၊ ဘူမိဗေဒပညာရှင်တွေ၊ ဗိသုကာပညာရှင်တွေ အားနည်းတာပါ။ အခုအထိတော့ လူ့အရင်းအမြစ် အားနည်းတာကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် မှန်ကန်တဲ့ လုပ်သားရှာဖွေဖို့ အခက်အခဲတစ်ရပ် ဖြစ်နေစေပါတယ်''ဟု ဟောင်ကောင်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် အကြံပေးကုမ္ပဏီ Bagan Capital  ကုမ္ပဏီမှ ဒါရိုက်တာမစ္စတာ Evelin Petkov က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ လက်ရှိ ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ထားသည့် ကဏ္ဍတို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်စွမ်းအား၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွား၊ အိမ်ခြံမြေ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စက်မှုဇုန်၊ ဆောက်လုပ်ရေး စသည့်နယ်ပယ်များပါဝင်သည်ဟု သိရှိရသည်။
ဆက်လက်၍လည်း ၀န်ဆောင်မှုလုပ်ငန်းများအပါအ၀င်  စီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်ရန် လေ့လာမှုများ ရှိနေပြီး အမေရိကန်၊ ဥရောပနိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ တရုတ်၊ ရုရှား၊ ဟောင်ကောင် အစရှိသည့် နိုင်ငံများ ပါဝင်နေသည်။ 
''တစ်ပတ်မှာ အနည်းဆုံး ငါးဖွဲ့လောက်တော့ လာပြီး ဆွေးနွေးနေကြတယ်။ တရုတ်၊ ကိုရီးယားစတဲ့ နိုင်ငံတွေလည်း ပါတယ်။ အဓိကကတော့ ၀န်ထမ်းရေးရာ ကိစ္စတွေ ဆွေးနွေးကြတယ်။ သူတို့မှာက နည်းပညာပိုင်းကပါပြီးသား။ ကျွမ်းကျင်ဝန်ထမ်းလို အပ်ချက်ကတော့ ရှိနေပါတယ်''ဟု Device Services Co.,Ltd  မှ မန်နေဂျင်းဒါရိုက်တာ ဦးတင်ဇံကျော်က ပြောကြားသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် လူ့အစွမ်းအား အရင်းအမြစ် လိုအပ်ချက်သည် မြန်မာလူငယ်များ ပြည်ပသို့ ထွက်ခွာမှု၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ဝန်ထမ်းများ ရွှေ့ပြောင်းလုပ်သားအဖြစ် ထွက်ခွာမှု၊ ယခုနောက်ပိုင်းတွင် သက်ဆိုင်ရာဘွဲ့အလိုက် ကျောင်းပြီးသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်သည့် အရည်အသွေး နည်းပါးလာမှု စသည်တို့ပေါ်တွင် မူတည်ဖြစ်ပေါ်လာသည်ဟု အလုပ်အကိုင်ရေးရာ လေ့လာသူအချို့က ဆိုပါသည်။
''အလုပ်အကိုင် မကောင်းတုန်းက ပြည်ပကိုလူငယ်တွေ ထွက်သွားကြတယ်။ တချို့ကျတော့လည်း ကျွမ်းကျင်မှုနဲ့ ထိုက်သင့်တာမရတော့ ထွက်သွားကြတယ်ပေါ့။ အခုလို အလုပ်အကိုင် အခွင့်အလမ်းကောင်းလာတဲ့အခါ ကျွမ်းကျင်ဝန်ထမ်း ရှားပါးတယ်ဆိုတဲ့အချက်ထဲမှာ ထွက်သွားကြတဲ့သူတွေ ပြန်မလာသေးတာလည်း ပါတယ်''ဟု Nature Lovers  ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဒင်က ပြောကြားသည်။ 
မြန်မာလူငယ်များသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် အလုပ်အကိုင် အခွင့်အလမ်းအတွက် ပြည်ပသို့ ထွက်ခွာမှုများ ပိုမိုလာခဲ့ပြီး ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင်မူ ယင်းသို့ ထွက်ခွာမှုများ ပိုမိုတွင် ကျယ်လာခဲ့ကာ အိုင်တီကဏ္ဍအပါအ၀င် ခရီးသွားဝန်ဆောင်မှုဆိုင်ရာ ၀န်ထမ်းများ၊ စာရင်းအင်းပိုင်းဆိုင်ရာ ၀န်ထမ်းများ၊ အင်ဂျင်နီယာများ စသည်ဖြင့် နယ်ပယ်အသီးသီးမှ လူငယ်လူလတ်ပိုင်းများမှာ ရွှေ့ပြောင်းလုပ်သားများအဖြစ် ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုသည် ၂၀၁၀ ပြည့်နှစ် မတိုင်မီကာလက သိသာခဲ့ပြီး အလုပ်အကိုင်ပေးနိုင်မှုနှင့် အလုပ်အကိုင် ရရှိလိုသူဦးရေ အချိုးအစား ကွာဟမှုလည်း ရှိခဲ့သည်။ ၀န်ထမ်းနေရာ သုံး၊ လေးဦးအတွက် အလုပ်ခေါ်ယူပါက လျှောက်ထားသူဦးရေမှာ ရာနှင့်ချီ၍ ရှိခဲ့သည်။ 
အလုပ်အကိုင် ပေးအပ်နိုင်မှု နှင့်အလုပ်ရရှိလိုမြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှု အလားအလာနှင့်အတူ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်း အနေအထားများကြောင့် အလုပ်အကိုင် အခွင့်အလမ်းပိုင်းတွင် တိုးတက်မှုရှိလာသော်လည်း ကျွမ်းကျင်ဝန်ထမ်းရှားပါးမှုကို နယ်ပယ်အသီးသီးတွင် ကြုံတွေ့နေရကြောင်း သိရှိရသည်။ 

အလုပ်အကိုင် ပေးအပ်နိုင်မှု နှင့်အလုပ်ရရှိလိုသူ အချိုးအစားသည် ၂၀၁၁ ခုနှစ်အတွင်းတွင်လည်း ကွာဟမှုရှိခဲ့သည်။ 
''အခု အလုပ်လာလျှောက်တဲ့ ဦးရေကလည်း များနေတုန်းပဲ။ အလုပ်ပေးနိုင်တဲ့နှုန်းကလည်း အရင်ထက် တက်လာတယ်။ အောက်ခြေ၀န်ထမ်းတော့ ရသွားကြတယ်။ အတွေ့အကြုံ လည်းရှိ၊ လုပ်ငန်းကျွမ်းကျင်မှုလည်း ရှိပြီး သီအိုရီပိုင်း ကျွမ်းကျင်တဲ့ ၀န်ထမ်းမျိုးကျတော့ ရှားလာတယ်။ ရဖို့ ခက်တယ်။ ရှိတဲ့သူကျတော့လည်း နဂိုအလုပ်မှာ အဆင်ပြေပြီးသား။ အလုပ်ရှင်က လက်မလွတ်ချင်ဘူး''ဟု ဦးတင်ဇံကျော်က ပြောပြသည်။
လက်ရှိ၌ လာရောက်လေ့လာသော နိုင်ငံများတွင် ဂျပန်နိုင်ငံသည် စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်နေကာ ၀န်ဆောင်မှုအပါအ၀င် စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် ဆွေးနွေးမှုများလည်း ပြုလုပ်ထားသည်။
မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းလုပ်ငန်းများ လုပ်ကိုင်ပါကကျွမ်း ကျင်ဝန်ထမ်းများ ရှားပါးနိုင်ခြင်းနှင့် ပတ်သက်၍ ဂျပန်နိုင်ငံရှိစီးပွားရေး လုပ်ငန်းစုအဖွဲ့ကြီး Keidanren မှ ဒါရိုက်တာက''လုပ်ငန်းခွင် လေ့ကျင့်ရေးက အရမ်းကို အရေးကြီးတယ်လို့ မှတ်ယူထားပါတယ်''ဟု ပြော ကြားခဲ့သည်။
''အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာပေမယ့် ကိုယ့်နိုင်ငံသားတွေ အရမယူနိုင်မှာမျိုး ဖြစ်လာမှာကိုတော့ စိုးရိမ်ပါတယ်''ဟု ဦးတင်ဇံကျော်က ပြောပါသည်။ 
ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းပြီးကာ ဘွဲ့ရရှိလာကြသူ လူငယ်ဦးရေသည် နှစ်စဉ်တိုးတက်လျက်ရှိပြီး သင်ယူလာသည့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ဘွဲ့ရရှိပြီးသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်မှုမှာမူ နည်းပါးနေဆဲဖြစ်ကြောင်း သိရှိရသည်။   သူ အချိုးအစားသည် ၂၀၁၁ ခုနှစ်အတွင်းတွင်လည်း ကွာဟမှုရှိခဲ့သည်။ 
''အခု အလုပ်လာလျှောက်တဲ့ ဦးရေကလည်း များနေတုန်းပဲ။ အလုပ်ပေးနိုင်တဲ့နှုန်းကလည်း အရင်ထက် တက်လာတယ်။ အောက်ခြေ၀န်ထမ်းတော့ ရသွားကြတယ်။ အတွေ့အကြုံ လည်းရှိ၊ လုပ်ငန်းကျွမ်းကျင်မှုလည်း ရှိပြီး သီအိုရီပိုင်း ကျွမ်းကျင်တဲ့ ၀န်ထမ်းမျိုးကျတော့ ရှားလာတယ်။ ရဖို့ ခက်တယ်။ ရှိတဲ့သူကျတော့လည်း နဂိုအလုပ်မှာ အဆင်ပြေပြီးသား။ အလုပ်ရှင်က လက်မလွတ်ချင်ဘူး''ဟု ဦးတင်ဇံကျော်က ပြောပြသည်။
လက်ရှိ၌ လာရောက်လေ့လာသော နိုင်ငံများတွင် ဂျပန်နိုင်ငံသည် စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်နေကာ ၀န်ဆောင်မှုအပါအ၀င် စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် ဆွေးနွေးမှုများလည်း ပြုလုပ်ထားသည်။
မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းလုပ်ငန်းများ လုပ်ကိုင်ပါကကျွမ်း ကျင်ဝန်ထမ်းများ ရှားပါးနိုင်ခြင်းနှင့် ပတ်သက်၍ ဂျပန်နိုင်ငံရှိစီးပွားရေး လုပ်ငန်းစုအဖွဲ့ကြီး Keidanren မှ ဒါရိုက်တာက''လုပ်ငန်းခွင် လေ့ကျင့်ရေးက အရမ်းကို အရေးကြီးတယ်လို့ မှတ်ယူထားပါတယ်''ဟု ပြော ကြားခဲ့သည်။
''အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာပေမယ့် ကိုယ့်နိုင်ငံသားတွေ အရမယူနိုင်မှာမျိုး ဖြစ်လာမှာကိုတော့ စိုးရိမ်ပါတယ်''ဟု ဦးတင်ဇံကျော်က ပြောပါသည်။ 
ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းပြီးကာ ဘွဲ့ရရှိလာကြသူ လူငယ်ဦးရေသည် နှစ်စဉ်တိုးတက်လျက်ရှိပြီး သင်ယူလာသည့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ဘွဲ့ရရှိပြီးသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်မှုမှာမူ နည်းပါးနေဆဲဖြစ်ကြောင်း သိရှိရသည်။   

No comments:

Post a Comment