Tuesday, 21 August 2012

MCPA DAY တွင် ရွှေလမင်းနဂါး ကုမ္ပဏီ (Acer ) မှ ပါဝင် ဆင်နွှဲ


ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းနှင့် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်တို့ ပူးပေါင်း ၍ ၂၀၁၂ ၊ သြဂုတ်လ ( ၁၆ ) ရက်တွင် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ( လှော်ကား ) ၌ MCPA DAY ကို စည်ကား ပျော်ရွှင်စွာ ကျင်းပခဲ့ပါသည်။

ကွန်ပျူတာတက္ကသိုလ်၏ ထူးချွန်ထက်မြက်၍ နိုးကြားတက်ကြွသော လူငယ်များအတွက် အခွင့်အလမ်း ကောင်းများ ဖော်ဆောင်ရန် ရန်ရွယ်၍ ကျင်းပသည့် Career Fair တွင် Acer Product များကို မြန်မာပြည်၏ တရားဝင် ကိုယ်စားလှယ်အဖြစ်တင်သွင်းရောင်းချနေသည့် ရွှေလမင်းနဂါးကုမ္ပဏီမှ ပါဝင် ပြသ ခဲ့ပြီး ရွှေလမင်းနဂါး ကုမ္ပဏီတွင် လိုအပ်နေသော လစ်လပ်နေရာများအတွက် ဝင်ရောက်လျှောက်ထားနိုင်ရန် စိတ်ပါဝင် စားသည့် ကျောင်းသားကျောင်းသူ များ၏ အလုပ်လျှောက်လွှာများကို ကြိုတင် လက်ခံခဲ့ပါသည် ။
အထူး အခွင့်အရေး အနေဖြင့် ရွှေလမင်းနဂါး ကုမ္ပဏီ၏ Service Team တွင် လိုအပ်လေ့ရှိသော နေရာ များ၌ ကွန်ပျူတာ တက္ကသိုလ်မှာ ကျောင်းသား ၊ကျောင်းသူများ ကိုယ်ရေးအချက်အလက်များကို ကြိုတင်လက်ခံ ခဲ့ပြီး နောက်နောင် လိုအပ်ပါက ဦးစားပေးခေါ်ယူသွားမည်ဖြစ်ပါသည်။ ပျော်ရွှင်ဖွယ် Acer Survey Form များဖြေဆိုခဲ့သော ကျောင်းသား၊ကျောင်းသူများကိုလည်း Acer ၏ အမှတ်တရ လက်ဆောင်များကို ပေးအပ်ခဲ့ပါတယ် …


No comments:

Post a Comment