Wednesday, 22 August 2012

အွန် လိုင်း တွင် ပုံနှိပ် ဖော်ပြ နိုင်သော Website တစ်ခုကို Twitter တည်ထောင် သူများ စတင်လွှင့်တင်


အင်တာနက်တွင် စာသား မက်ဆေ့ခ်ျ အများ အပြား တင်လေ့ ရှိသူများ အသုံးပြု နိုင်ရန် အတွက် အွန်လိုင်းပေါ်တွင် ပုံနှိပ်ဖော်ပြထားနိုင်သော ဝက်ဘ်ဆိုက် တစ်ခုကို တွစ်တာ ပူးတွဲ တည်ထောင်သူ များက စတင်လွှင့်တင်လိုက်ကြောင်း သိရသည်။
Medium.com ဟုခေါ်သောဝက်ဘ်ဆိုက်ကို စတင်လွှင့်တင်လိုက်ကြောင်း ကြေညာသော အခမ်းအနား၌ ယင်းဆိုက်ပေါ်တွင် ချက်ချင်းလက်ငင်းတက် လာသော အကြောင်းအရာများကိုတွေ့မြင်ရသည်။ အဆိုပါ အကြောင်းအရာ များတွင် မိမိတို့၏ကိုယ်တွေ့ဖြစ်ရပ်များနှင့် ငယ်စဉ်က ဓာတ်ပုံများကို အသုံး ပြု သူများက တင်ထားသည်ကို မြင်တွေ့ရသည်။
“ပုံနှိပ်ဖော်ပြတယ်ဆိုတာကို ပြန်လည်စဉ်းစားဆန်းသစ်ဖို့ စိတ်ကူးရပြီး အဲဒီအတွက် ပလက်ဖောင်းအသစ်တစ်ခု စတင်ထူထောင်တာပါ”ဟု ဝက်ဘ် ဆိုက်စတင်ထူထောင်ခဲ့သူများတွင် ပါဝင်ခဲ့သည့် အီဗန်ဝီလီယမ်က အဆိုပါ ဝက်ဘ်ဆိုက်၌ တင်ထားသည့် မက်ဆေ့ခ်ျတွင် ဖော်ပြသည်။
တွစ်တာ ဝက်ဘ်ဆိုက်ပူးပေါင်းတည်ထောင်သူများတွင် ပါဝင်ခဲ့သော ဘစ်စတုန်းနှင့် အီဗန်ဝီလီယမ်တို့သည် Obvious Corporation ဟုခေါ်ဆို သော နည်းပညာကုမ္ပဏီတစ်ရပ်ထူထောင်၍ နည်းပညာထုတ်ကုန် အသစ်များ ထုတ်လုပ်ရန် ကြိုးပမ်းနေကြသည်။
— AFP

No comments:

Post a Comment