Tuesday, 21 August 2012

တချို့ လူတွေက ဘာကြောင့် သွားပိုဖြူရသလဲ


မျက်လုံးနဲ့ ဆံပင် အရောင် တွေလိုပဲ သွားရဲ့ သဘာဝ အရောင် ကလည်း မျိုးရိုး ဗီဇနဲ့ ဆက်စပ်မှု ရှိတတ် ပါတယ်။ “တချို့ လူတွေက သွားမျက်နှာပြင်ပေါ်မှာ ပါး လွှာတဲ့ အကာ- အလွန်ဖြူတဲ့ ကြွေလွှာ ရှိနေတတ်ကြပြီး တခြားလူတွေရဲ့ ကြွေ လွှာကတော့ ပိုပြီး ဝါနေ တတ်ပါတယ်” လို့ အမေရိကန်သွားဘက်ဆိုင်ရာ အဖွဲ့အ စည်းရဲ့ ပြောရေး ဆိုခွင့်ရှိသူ သွားဆရာ ဝန်ရစ်ချတ်က ရှင်းပြ ထားပါတယ်။

သွားဖြူရတဲ့ နောက်ထပ်အကြောင်း ရင်းတစ်ခုက ပတ်ဝန်းကျင်ဆိုင်ရာ အခြေ အနေကြောင့်ပါ။ သွားဆိုတာ သစ်ပင် တစ်ပင်ပေါ်က သစ်သီးတွေလိုပါပဲ။ သွား တွေက လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ ရာဇဝင်အကြောင်းကို အများကြီး ပြော ပြနိုင်ပါတယ်။ ဥပမာပြောပြရရင် က လေးဘဝမှာ တက်ထရာ ဆိုက်ကလင်း ဒါမှမဟုတ် အမောက်ဇလင် ပဋိဇီဝပိုး သတ်ဆေးမှီဝဲထားရင် သွားအရောင်ဝါ တာလို အရောင်ပြောင်းလဲမှု ဖြစ်နိုင်ပါ တယ်။ တချို့ အစားအသောက် တွေက လည်း သွားအရောင်ကို ရင့်စေပါတယ်။
အစားအသောက် တစ်ခုက ကြမ်းပြင်ပေါ် ကျသွားလို့ ကော်ဇော်မှာ စွန်းထင်းမှုရှိ တယ်ဆိုရင် သင့်သွားတွေကိုလည်း စွန်း ထင်းမှု ဖြစ်စေမှာပါပဲ။ ကော်ဖီ၊ ကိုလာနဲ့ ဝိုင်နီတွေက သွားတွေကို အစွန်းအထင်း များစေတဲ့ အရည်တွေပါ။ ဒီလို သွားတွေ အစွန်းအထင်းဖြစ်တာ ကင်းစေဖို့ မကြာ ခဏ ပလုတ်ကျင်းတာ၊ သန့်စင်တာ၊ သွားတိုက်တာမျိုး လုပ်ပေးရပါတယ်။
ဒါ ပေမဲ့ အစား အသောက်ကြောင့် သွား တွေပေါ်မှာ အစွန်းအထင်း ထင်ကျန်မှု ကြီးကြီးမားမား ဖြစ်ရင် သွားဖြူစင်အောင် ပြုပြင်ပေးတဲ့ ကိရိယာ ဒါမှမဟုတ် သွား ဖြူစေတဲ့ သွားတိုက်ဆေးတွေ အသုံးပြု ဖို့ လိုအပ် လာနိုင်ပါတယ်။ 
ကြယ်စင်

No comments:

Post a Comment