Wednesday, 22 August 2012

ယခင်အစိုးရ လက်ထက် ရှေ့နေ လိုင်စင် အသိမ်း ခံထားရသူများ လိုင်စင် ပြန်ရရှိ


အစိုးရ လက်ထက်က နိုင်ငံရေး အကြောင်းပြချက် အပါအဝင် အကြောင်း အမျိုးမျိုးဖြင့် ရှေ့နေ
လိုင်စင်များ သိမ်းဆည်း ခံခဲ့ရသူ များမှာ အစိုးရသစ် လက်ထက်တွင် အမှု လိုက်ခွင့် လိုင်စင်များ ပြန်လည် ရရှိနေကြောင်း ၄င်းတို့ထံမှ သိရသည်။
လိုင်စင် ရုပ်သိမ်းခံထားရသော ပဲခူးမြို့မှ လမ်းပြကြယ် ဦးအေးမြင့်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဦးကြည်ဝင်း၊ ဦးရော ဘတ်စန်းအောင်နှင့် ဦးမြင့်ဌေးတို့ ပါဝင်ကြောင်း ရန်ကုန်အခြေစိုက် ရှေ့နေကွန်ရက်မှ ဦးအောင်သိန်း က ပြောသည်။
“ကျွန်တော်ဆိုရင် လိုင်စင် ပြန်လျှောက်ထားပေမယ့် ရလိမ့် မယ်လို့ လုံးဝမျှော်လင့်မထားဘူး။ ILO က ဖုန်းဆက်အကြောင်းကြား မှသွားကြည့်လိုက်ပါဆိုလို့ နေပြည် တော်ကို လိုက်သွားတာ လိုင်စင် ပြန်ရခဲ့တယ်”ဟု ပဲခူးမြို့မှ လမ်းပြ ကြယ် ဦးအေးမြင့်ကပြောပြသည်။
ဦးအေးမြင့်သည် ၂၀ဝ၃ ခုနှစ် တွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင် ကျကာ ရှေ့နေလိုင်စင်ပါ အသိမ်းခံ ခဲ့ရပြီး ပြစ်ဒဏ်မှလွတ်မြောက်လာ သော်လည်း ရှေ့နေလိုင်စင်ကို ယခု လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ပြန် လည် ရရှိခဲ့ခြင်းဖြစ်သည်။ “၂၀ဝ၉ ခုနှစ်တုန်းက တစ်ခါ လျှောက်ဖူးတယ်။ ဒါပေမယ့် ပယ် ချခံရတယ်”ဟု ၄င်းကဆိုသည်။
ဒီမိုကရေစီလမ်းကြောင်းပေါ် တွင် ရှေ့နေများ နိုင်ငံ့အကျိုးပြနိုင်ရန် လိုင်စင်ပြန်ထုတ်ပေးရန်လိုအပ် ကြောင်း လိုင်စင်အသိမ်းခံထားရ သော ရှေ့နေဦးအောင်သိန်းက ပြောသည်။ “သမ္မတဆီကို စာတင်လိုက် တော့ တရားရုံးချုပ်က ရှေ့နေလိုင် စင် လျှောက်ဖို့ပြောလို့ ဒီလ ၃ ရက် နေ့မှာ ပြန်တင်ထားတယ်။ ခုထက် ထိတော့ လိုင်စင်မရသေးဘူး”ဟု ၄င်းကပြောသည်။
မြန်မာနိုင်ငံရှေ့နေကွန်ရက် ၏ ထုတ်ပြန်ချက်အရ ကွန်ရက်မှ လိုင်စင် အသိမ်းခံထားရသည်ဟု သိသူ ၂၅ ဦးကျန်ရှိနေသေးကြောင်း သိရသည်။ ယခု ရှေ့နေလိုင်စင်များကို ပြည်ထောင်စု တရားလွှတ်တော် ချုပ်တရားသူကြီးများ၏ ဆုံးဖြတ် ချက်ဖြင့် ပြန်လည်ထုတ်ပေးခြင်း ဖြစ်ကြောင်း လမ်းပြကြယ် ဦးအေး မြင့်က ဆိုသည်။
အစိုးရသစ် လက်ထက်တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လက တရား လွှတ်တော်နှင့် အထက်တန်းရှေ့နေ အချို့ကို လိုင်စင်ပြန်လည်ထုတ် ပေးခဲ့ပြီး ယခုတစ်ကြိမ်မှာ ဒုတိယ အကြိမ်ဖြစ်သည်။
ထက်နိုင်ဇော်

No comments:

Post a Comment