၁၉၇၀ ပြည့်နှစ်က စတင်ပြီး ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ Triclosan ကို Antibacterial Soap ဘက်တီးရီး ယားပိုး များသေစေတဲ့ ဆပ်ပြာများ၊ တစ်ကိုယ် ရည် သန့်ရှင်းရေးပစ္စည်း များဖြစ်သော ချွေးနံ့ပျောက်ဆေး များ၊ ပလုတ်ကျင်းဆေးရည်များတွင် တွင်ကျယ်စွာ အသုံးပြုခဲ့တာ ယနေ့ တိုင် ဖြစ်ပါတယ်။
ရေချိုးခန်းသုံး ပစ္စည်း များ၊ မီးဖိုချောင်သုံးပစ္စည်းများမှာ လည်း ပါဝင်နေတဲ့ ထိုဒြပ်ပေါင်းဟာ ထိုကုန်ပစ္စည်းများအတွက် မရှိမဖြစ် လိုအပ်တဲ့ ဒြပ်ပေါင်း မဟုတ်ကြောင်း သိရှိ ရပါတယ်။ ထိုဒြပ်ပေါင်းများ မပါ ဝင်စေဘဲ ပစ္စည်းများထုတ်လုပ်ရန် အနောက်နိုင်ငံများတွင် ညွှန်ကြား ချက်များထုတ်ပြန်နေပြီ ဖြစ်ပါတယ်။ လူအများအနေနဲ့လည်း ထိုဒြပ်ပေါင်း မပါဝင်သော ကုန်ပစ္စည်များကိုသာ ရွေးချယ်အသုံးပြုရန် သုတေသီများ က အကြံပေးထားပါတယ်။
No comments:
Post a Comment