ယိုင်နဲ့ လာသော နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအား ပေးရန် ဘရာဇီး
အစိုးရက ပထမဦးဆုံး ကြီးကြီး မားမား စီးပွားရေး နှိုးဆွမှု အစီအစဉ် တစ်ရပ်ကို ထုတ်ဖော် ကြေညာ ခဲ့သည်။
ဘရာဇီးနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ယခုနှစ်အ တွင်း ၂ရာခိုင်နှုန်းသာ တိုးတက် လာပြီး ယင်းမှာ ၂၀ဝ၉ ခုနှစ် နောက်ပိုင်း အားအနည်းဆုံးဖြစ် ကာ ၂၀၁၀ ပြည့်နှစ်က ရရှိခဲ့သော ၇ ဒသမ ၅ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုး တက်မှုနှင့် များစွာကွာခြားသွား ပြီဖြစ်သည်။ မကြာသေးမီလ များက တွင်း ဘရာဇီးအစိုးရက၄င်း၏ ငွေကြေး(ရီယယ်)ကို တန်ဖိုးချပေး ခြင်းနှင့် အတိုးနှုန်း ဆက်တိုက် လျှော့ချခြင်းများ လုပ်ဆောင်ခဲ့ သော်လည်း ဖွံ့ဖြိုးတိုးတက်မှု သိ သိသာသာ မရရှိခဲ့ကြောင်းသိရ သည်။
No comments:
Post a Comment