လက်ရှိမှာ Haeundae Lovers ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုမှာ ပါဝင်သရုပ်ဆောင်နေတဲ့ T-ara မိန်းကလေး အဆိုတော်အဖွဲ့ထဲက ဆိုယွန်းဟာ အဖွဲ့ဝင်တွေအကြား အနိုင်ကျင့်တယ်လို့ သတင်းကြီးလို့ ဖြေရှင်းနေရဆဲမှာပဲ သြဂုတ်လ ၁၃ ရက်နေ့ မနက် ၇ နာရီက ရိုက်ကွင်းအတွက် ကားနဲ့အသွားမှာ ကားဘီးချော်ပြီး မတော်တဆမှု ကြုံရတဲ့အတွက် အရေးပေါ်အခန်းထဲ ရောက်သွားခဲ့ရတယ်လို့ သိရပါတယ်။
ဘူဆန်ကနေ Haeundae Lovers ဇာတ်လမ်းတွဲအတွက် ရိုက်ကွင်းကို အသွားမှာ ရုတ်တရက် မိုးသည်းလို့ ကားဘီးချော်ပြီး တိမ်းမှောက်ခဲ့ရတာ ဖြစ်ပါတယ်။ ကားပေါ်မှာ ဆိုယွန်းနဲ့အတူ သူမရဲ့ Stylist ၂ ဦး ပါဝင်ပြီး အားလုံးကို အရေးပေါ်အခန်းသို့ ချက်ချင်းပို့ကာ CT နဲ့ X-ray Scan တို့ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ မတော်တဆ ဖြစ်တဲ့နေရာကို ဆိုယွန်းရဲ့ မန်နေဂျာက အလျင်အမြန် သွားရောက်ခဲ့ပြီး သူတို့ထင်တာထက် အဖြစ်အပျက်က ပိုဆိုးခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၉ ကနေ အရေးပေါ်အခန်းသို့ အားလုံးကို အရောက်ပို့ပေးခဲ့တာ ဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ ဆိုယွန်းတစ်ယောက် အပြင်ဒဏ်ရာ ကြီးကြီးကျယ်ကျယ် မရခဲ့ပေမဲ့ ပြည့်ပြည့်စုံစုံ ကျန်းမာရေးစစ်ဆေးမှု ခံယူမှာဖြစ်လို့ အဲဒီနေ့ ရိုက်ကွင်းကတော့ ဖျက်ခဲ့ရတယ်လို့ သူမရဲ့ အေဂျင်စီက ဆိုပါတယ်။
Source: Sports Chosun via Nate
No comments:
Post a Comment