ရန်ကုန် မြို့ရှိ အိမ်ခြံမြေ ဈေးကွက်တွင် အခွန်စနစ် ပြောင်းလဲ ပြီးနောက် လုံးချင်း အိမ်များ၊ မြေကွက် များ၊ စက်မှုဇုန်မြေကွက်များ အရောင်းအဝယ်ကျဆင်းပြီး တိုက်ခန်းနှင့် ကွန်ဒိုများအငှားနှင့် အရောင်းအဝယ် သွက်နေကြောင်း ရန်ကုန်မြို့ အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေကြသူ အများစုထံမှသိရသည်။
တိုက်ခန်းနှင့် ကွန်ဒိုများသည် အလုံမြို့နယ်၊ စမ်းချောင်းမြို့နယ် နှင့် ကြည့်မြင်တိုင်မြို့နယ်များတွင် အဓိကအရောင်းအဝယ်ဖြစ်ကာ အရောင်းအဝယ်ထက်၊ အငှားပို သွက်နေကြောင်း ကြည့်မြင်တိုင် မြို့နယ်အခြေစိုက် ဧဒင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးကပြောသည်။ “အရောင်းအဝယ်ဆိုရင် သိန်း ၃၅၀ နဲ့ အောက်ဆိုရင်အရောင်း သွက်တယ်။ အငှားဆိုရင်တော့ နေဖို့နဲ့ ရုံးခန်းဖွင့်ဖို့ပေါ်မူတည်ပြီး ဈေးနှုန်းအစားအစားရှိတယ်”ဟု ၄င်းကဆက်လက်ဆိုသည်။
တိုက်ခန်းအငှားဈေးနှုန်းများ မှာ နေထိုင်ရန်အတွက်နှင့် မြေညီ ထပ်တွင်ဖြစ်ပါက ၁သိန်းမှ ၅ သိန်းအထိ ၅ သိန်းမှ သိန်း ၂၀ အထိ ဈေးနှုန်းများမှာ အဓိကအငှားသွက် နေကြောင်းသိရသည်။ “ကွန်ဒိုအငှားဆိုရင် ၃ သိန်း ကနေ ၁၀ သိန်းအထိနဲ့အရောင်း ဆိုရင် သိန်း ၁၄၀ဝ ကနေ သိန်း ၃၀ဝ၀ အထိတွေက အဓိကရောင်း သွက်နေတယ်”ဟု မရမ်းကုန်းမြို နယ်အခြေစိုက်အားမာန်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။
ထိုသို့တိုက်ခန်း၊ ကွန်ဒိုများ အဓိက အငှားနှင့် အရောင်းသွက် နေသည်မှာ လွန်ခဲ့သော ခြောက်လ ခန့်မှ စတင်ခြင်းဖြစ်ကြောင်းသိရ သည်။ “စက်မှုဇုန်မြေကွက်ဈေးတွေ ဆိုလဲ အဲဒီလိုပဲ၊ စက်မှုဇုန်မြေကွက်ဈေးတွေက ခေါ်ဈေးတွေပဲရှိတယ်။ တကယ့်တကယ်မှာကြာတော့ အရောင်းအေးနေတယ်။ ပြည်တွင်း ပြည်ပလုပ်ငန်းရှင်တွေကလဲ စက်မှု ဇုန်မြေကွက်များတွေကိုစောင့်ကြည့် နေကြတုန်းပါပဲ”ဟု လှိုင်သာယာ မြို့နယ်အခြေစိုက် ပြည့်စုံစက်မှု ဇုန်မြေကွက် အရောင်းအဝယ် အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
ထိုကဲ့သို့ပင် လုံးချင်းအိမ်များ နှင့် မြေကွက်များသည်လည်း အရောင်းထိုင်းနေပြီး သာမန်လုံး ချင်းအိမ်များသာ အငှားပုံမှန်ရှိ ကြောင်း ဧဒင်အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ် ဦးကဆိုသည်။ “သိပ်ကြီးမားလွန်းတဲ့အိမ်ခြံ မြေတွေက အခုတစ်လောမှာကို အရောင်းထိုင်နေတာပါ။ ဒါကလဲ စနစ်တစ်ခုနဲ့ တစ်ခု အပြောင်းအလဲ ကြောင့်ပါ။ ယခင်က အိမ်ခြံမြေအခွန် စနစ်အပြောင်းအလဲကာလတွင် ယခုကဲ့သို့ဈေးကွက်အေးသွားခြင်း မျိုးမရှိဘဲ ယခုနှစ်အခွန်စနစ်အ ပြောင်းအလဲကာလမှသာဈေးကွက်အေး၍ ဈေးနှုန်းငြိမ်နေကြောင်း သိ ရသည်။
“၂၀ဝ၇ ခုနှစ်ကဆိုရင် အိမ်ခြံ မြေအခွန်စနစ်သစ်ကို ပြောင်းပြောင်း ချင်းပဲ အရောင်းအဝယ်အရမ်းသွက် နေပြီး ဈေးတွေမြင့်လာတယ်။ ဒီနှစ် ကြမှ ဈေးတွေငြိမ်နေပြီး အရောင်း ထိုင်နေတာပါ”ဟု အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းလုပ်ကိုင်နေကြသူအများစုက ပြောသည်။
အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၁ ခုနှစ်တွင်ပေါက်ဈေးဖြစ်ခဲ့ သော အမြင့်ဆုံးပေါက်ဈေးဖြင့် တည်ငြိမ်နေပြီး အရောင်းအဝယ်အ လွန်ထိုင်းနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေ ကြသူအများစု၏ အဆိုအရသိရ သည်။
No comments:
Post a Comment