Tuesday, 21 August 2012

ဟန်ရီကက်ဇ် အတွက် အလုပ် လုပ်ခွင့်ပါမစ်ကိစ္စ အဆင်ပြေသွားပြီဖြစ်သည့် မန်ယူ


မန်ချက်စတာ ယူနိုက်တက် အသင်းသည် ၎င်းတို့ အသစ်ခေါ်ယူ ထားသည့် တိုက်စစ်မှူး အန်ဂျလို ဟန်ရီကက်ဇ်အတွက် အလုပ်လုပ်ခွင့် ပါမစ်ကိစ္စ အဆင်ပြေမှု ရရှိသွားပြီ ဖြစ်သည်။


ထို့ကြောင့် အသက်(၁၈)နှစ်အရွယ် ချီလီ တက်သစ်စ ကြယ်ပွင့်လေးသည့် ပရီးမီးယားလိဂ် ထိပ်သီးကလပ်သို့ ပြောင်းရွှေ့ရန် ကိစ္စအားလုံး ပြီးပြတ် အောင်မြင်ခဲ့ပြီဟု သိရှိရသည်။ မန်ယူသည် ချီလီကလပ် ယူနီဗာဆီဒက် ဒီချီလီမှ ရှေ့တန်းလူကို ပေါင်စတာလင် (၄)သန်းဝန်းကျင် ဈေးပေး ခေါ်ယူထားခြင်း ဖြစ်သည်။ ဟန်ရီကက်ဇ်သည် ပြီးခဲ့သည့် သီတင်းပတ်က ဆေးစစ်မှုများ ပြီးမြောက် အောင်မြင် သွားသည့်နောက် အိုးလ်ထရက်ဖို့ဒ်သို့ လာရောက်ရန် ခြေလှမ်းပြင်နေပြီး အလုပ်လုပ်ခွင့် ပါမစ်ကို စောင့်မျှော်နေခဲ့ရသည်။


တိုက်စစ်မှူး အန်ဂျလို ဟန်ရီကက်ဇို

ယခုအခါတွင် ၎င်းသည် မန်ယူ၏ အနီရောင် ဂျာစီကို ဝတ်ဆင်ရန် တာဝန်ရှိ အဖွဲ့အစည်းက မီးစိမ်းပြလိုက်ပြီ ဖြစ်သည်။ မန်ယူ အသင်းက "အသင်း အနေနဲ့ ဟန်ရီကက်ဇ်ရဲ့ အလုပ်လုပ်ခွင့် ပါမစ်ကို ခွင့်ပြချက် ရရှိခဲ့တဲ့ အတွက် ကျေနပ်မိပါတယ်။ ခုဆိုရင် သူဟာ အသင်းမှာ မှတ်ပုံတင်ပြီး ကစားခွင့် ရတော့မှာပါ။ သူဟာ ယူနီဗာဆီဒက် အတွက် နောက်ဆုံး ပွဲစဉ်ကို ကစားပြီးရင် မန်ယူကို ပြောင်းလာတော့မှာပါ။ အဲဒီ အချိန်ကျရင် နောက်ထပ် အတည်ပြု ကြေညာချက်တစ်ခု ထပ်ပြီး ထုတ်ပြန်ပါမယ်" ဟု ဖော်ပြထားသည်။

အသင်းအနေနဲ့ ဟန်ရီကက်ဇ်ရဲ့ အလုပ်လုပ်ခွင့် ပါမစ်ကို ခွင့်ပြချက် ရရှိခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ ခုဆိုရင် သူဟာ အသင်းမှာ မှတ်ပုံတင်ပြီး ကစားခွင့် ရတော့မှာပါ။ သူဟာ ယူနီဗာဆီဒက်အတွက် နောက်ဆုံးပွဲစဉ်ကို ကစားပြီးရင် မန်ယူကို ပြောင်းလာတော့မှာပါ...
ဟန်ရီကက်ဇ်သည် ပြီးခဲ့သည့် သီတင်းပတ်က ချီလီ သတင်းစာ La Terceraနှင့် အင်တာဗျူးတွင် "ကျွန်တော် မန်ယူကို ပြောင်းခွင့်ရတဲ့အတွက် အရမ်းပျော်နေမိပါတယ်။ ဒါဟာ ကျွန်တော့် အိပ်မက်တွေ လက်တွေ့ ဖြစ်လာတာပါ။ နောက်ပြီး ကျွန်တော်ကိုယ်တိုင် ဆန္ဒရှိတဲ့ နေရာကို သွားခွင့် ရခဲ့တာပါ။ သူတို့အသင်းက ထူးချွန်တဲ့ ကစားသမားတွေကို TVမှာ မြင်ခွင့် ရပြီးသား ဖြစ်ပါတယ်။ အကောင်းဆုံး ဂိုးတွေ သွင်းယူနေတာလည်း တွေ့ခဲ့တယ်။ ဒါကြောင့် ကျွန်တော့် အခွင့်အလမ်းကို အပြုန်းတီး မခံဘဲ မန်ယူကို ရွေးချယ်လိုက်တာပါ" ဟု ပြောကြားသွားခဲ့သည်။
Ref: Daily Mail


No comments:

Post a Comment