နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာရေးရာ၊ ရုပ်ရှင်၊ သီချင်း စသည့်ကဏ္ဍများကို စုံလင်စွာ နေ့စဉ်တင်ပြထားပါသည်။ လာရောက်ကြည့်ရှုအားပေးကြသူများအားလုံးကို ကျေးဇူးတင်ပါသည်။
Thursday, 23 August 2012
ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ စက်တင်ဘာတွင် လာရောက်မည်
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စယင် လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံ သို့ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်သော ကိစ္စများ ဆက်လက်ဆွေးနွေး ရန်နှင့်နှစ်နိုင်ငံ သဘောတူ ထားသည့် ကတိက၀တ်များကို ဆက်လက်ဆွေးနွေးရန် စက်တင်ဘာလ အတွင်းလာ ရောက်မည်ဟု
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် ကိုကိုးကား သည်နေရှင်း သတင်းစာ ကဖော်ပြသည်။ ထိုင်းဝန်ကြီး ချုပ်သည်မြန်မာနိုင်ငံ ၊နေပြည်တော်သို့ နှစ်ရက်တာ လာရောက်မည်ဖြစ်ပြီး ရက်အတိအကျကို မူပြောဆိုထားခြင်း မရှိသေးပေ။ ဇူလိုင်လအတွင်း ကထိုင်းနိုင်ငံသို့ လာရောက်ခဲ့သောနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်းနှစ်ဦး သဘောတူခဲ့သည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်သည့် သဘောတူညီချက် ၃ရပ်၏ နောက်ဆက်တွဲကိစ္စရပ်များဆွေးနွေး သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment