မြန်မာ့ လေကြောင်း လေယာဉ် လက်မှတ်ကို အွန်လိုင်းမှ တစ်ဆင့် e-ticketing စနစ်ဖြင့် ယခုလ ၃ ရက်မှစ၍ စတင် ဝယ်ယူ နိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံ၌ Debit Card နှင့် Credit Card များ၊ Myanmar Payment Union (MPU) Card များ စတင်အသုံးပြု နိုင်ပါကလည်း e-ticketing စနစ် တွင် ဆက်စပ်အသုံးပြုနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဟုသိရသည်။
မြန်မာ့လေကြောင်း လေ ယာဉ်လက်မှတ်များကိုအွန်လိုင်းမှ ဝယ်ယူရာတွင် www.myanmaairways.aero သို့ ဝင်ရောက်ကာ လေယာဉ်ခရီးစဉ်များကို ကြည့်ရှု ရွေးချယ်၍Booking ပြုလုပ်ပြီး နောက် လက်မှတ်ရ၊ မရ စစ်ဆေး ရန် မြန်မာ့လေကြောင်းဝက်ဘ် ဆိုက်မှ ထုတ်ပေးသော Pin Code ကို အသုံးပြုပြီး စစ်ဆေးနိုင်သည် ဟုသိရသည်။ အွန်လိုင်းမှ ငွေပေးချေရန် မြန်မာ့စီးပွားရေးဘဏ်ဝက်ဘ် ဆိုက်သို့ဝင်ရောက်၍ ငွေပေးချေ ပြီးနောက် သက်ဆိုင်ရာလင့်ခ်များ တွင် e-ticket နှင့် ငွေပေးချေထား ကြောင်း ဘောက်ချာများကို ထုတ် ယူနိုင်မည်ဖြစ်သည်။
ပြောင်းလဲလာသော နိုင်ငံ အခြေအနေအရမြန်မာ့လေ ကြောင်းအနေဖြင့် ယခင်ကကဲ့သို့ နိုင်ငံပိုင် စီးပွားရေးအနေဖြင့် အေး ဆေးစွာနေ၍မရဘဲ ပုဂ္ဂလိက လေ ကြောင်းလိုင်းများနှင့်ပါ ယှဉ်ပြိုင် လုပ်ကိုင်ရမည့် အနေအထားဖြစ် လာသောကြောင့် ပြုပြင်ပြောင်း လဲမှုများ လုပ်ဆောင်နေခြင်းဖြစ် ကြောင်း မြန်မာ့လေကြောင်းမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးသန်း ထွန်းကပြောကြားသည်။
No comments:
Post a Comment