ယနေ့ခေတ်တွင် လူအများစုမှာ အလုပ်ခွင်မှာ နေ့လယ်စာ အဖြစ် နီးစပ်ရာ စားသောက်ဆိုင်မှ ဝယ်စားကြသော အလေ့အထဖြစ်နေ ကြပါတယ်။ အကောင်းဆုံး ကတော့ မိမိအိမ်မှာတင် ချက်ပြုတ်ပြင်ဆင် သော နေ့လယ်စာသာဖြစ်ပါတယ်။ ဒါပေမယ့် သင့်မှာ နေ့လယ်စာ ချက်ရန် အချိန်မရှိလျှင်သော်လည်းကောင်း၊ ချက်ရမှာ ပျင်းရင် သော်လည်းကောင်း ဘယ်လိုအစားအစာတွေကို စားသင့်ပါသလဲ။ ဆိုင်မှ ရောင်းချသော အသင့်ထုပ်ပိုးထားတဲ့ စားစရာများထဲမှ ကျန်းမာရေးနှင့် ပို၍ညီညွတ်သော အစားအစာကိုရွေးချယ်ပါ။
အလုပ်ခွင်၊ ရုံးခန်းတွေဟာ သရေစာတွေ ခဏခဏစားမိအောင် ဆွဲဆောင်နေသော နေရာမျိုး ဖြစ်လေ့ရှိပါတယ်။ တကယ်လည်း ဆာနေမယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာကလည်း ဝယ်လို့မရနိုင်ဘူးဆိုပြီး ရတာကိုပဲ အလွယ်တကူစားလေ့ရှိကြပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ သင့်ရဲ့ စိတ်စွမ်းအင်ကိုအသုံးချပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားစရာကို အလွယ်တကူရရှိနိုင်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထားကြည့်နိုင်ပါ တယ်။ သင့်သူငယ်ချင်းမိတ်ဆွေနဲ့ အတူတကွတိုင်ပင်ပြီး အကောင် အထည်ဖော်နိုင်ပါတယ်။ ဥပမာ - တစ်ပတ်စာ သစ်သီးဝလံတွေ နှစ်ယောက်ပေါင်းပြီး ဝယ်ထားခြင်းမျိုးပေါ့။ ဤသို့ ပြုလုပ်ခြင်းဖြင့် ငွေကုန်ကြေးကျလည်း သက်သာပြီး သရေစာစားချင်စိတ် ပေါ်တဲ့ အခါတိုင်း ကျန်းမာရေးနှင့် ညီညွတ်တဲ့ စားစရာတွေ သင်စားမိနိုင် ပါတယ။်
No comments:
Post a Comment