Wednesday, 22 August 2012

ဇုန်ထုတ်ကားကုမ္ပဏီများ ဒဏ်ကြေး ပေးဆောင်ရန် ငြင်းဆိုဆဲ



ပြည်တွင်း စက်မှုဇုန် ထုတ် ကားကုမ္ပဏီ များက လိုင်စင်မဲ့ Super Custom ကား စက်မှုဇုန်ထုတ် ကားဟု လိမ်လည် ရောင်းချမှုများ အတွက် စက်မှုဝန်ကြီး ဌာနက Super Custom ကားတစ်စီးလျှင် အမေရိကန်ဒေါ်လာ တစ်သောင်း သုံးထောင်၊ ငွေကျပ်သိန်း တစ်ရာ ပုံစံအမျိုးမျိုးဖြင့် ဒဏ်ကြေး သတ်မှတ် ဆောင်ခိုင်း ခဲ့ရာမှ ဩဂုတ်လဆန်းပိုင်းမှ စတင်ပြီး ငွေကျပ် သိန်း နှစ်ဆယ်သို့ ပြောင်းလဲ သတ်မှတ် လိုက်ပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရှိရသည်။
ဇူလိုင်လ ၃၀ ရက်နေ့ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်က တရားမဝင် Super Custom ကားများကို ဒဏ်ကြေးရိုက်ရာ တွင် ဝယ်ယူထားသူ ပြည်သူများ အခွန်အခများ ပေးဆောင်နေရမှု အပေါ် မေးခွန်းများ မေးမြန်းရာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်က တာဝန်ယူဖြေရှင်း မည်ဟု ပြောဆိုပြီးနောက် ဒဏ် ကြေးများ တရားဝင်လျှော့ချပေး လိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရ သည်။
ဒဏ်ကြေး လျှော့ချလိုက်သော် လည်း ဇုန်ကား ကုမ္ပဏီများက ဒဏ်ကြေး အပြည့်အဝပေးဆောင် ခြင်းမရှိဘဲ ကားဝယ်ယူ ထားသူ ပြည်သူများ ကိုသာ စောင့်ခိုင်းစေ လျက်ရှိကြောင်း ကားဝယ်ယူထား သူများက ပြောကြားသည်။
“လွှတ်တော်မှာ မေးခွန်း မေးမြန်းပြီးတဲ့နောက် ဒုဝန်ကြီးကတာဝန်ယူမယ်ပြောလို့ ကျွန်မတို့က နေပြည်တော်တက်ပြီးစက်မှုဝန်ကြီး ဌာနက ညွှန်ကြားရေးမှူးချုပ်နဲ့တွေ့ တယ်။ သူက ဒဏ်ကြေးသိန်းနှစ် ဆယ်ထိ လျော့လိုက်ပြီပြောတယ်။ ရန်ကုန်စက်မှုဖွံ့ဖြိုးရေးကော်မတီ နဲ့တွေ့လိုက်ပါပြောတယ်။ အဲဒါနဲ့ ကျွန်မလည်း စက်မှုဖွံ့ဖြိုးရေးကော် မတီကတာဝန်ရှိသူတွေနဲ့သွားတွေ့ တယ်။ အဲဒါဒဏ်ကြေးသိန်း နှစ် ဆယ်မှာ ခုနှစ်သိန်းပဲ ကျွန်မက ဆောင်ရမယ်ပြောတယ်။ ကျန်တဲ့ ငွေကို ဇုန်နဲ့ ကားပွဲစားက အချိုး ကျအောင်ပေးမယ်ပေါ့။ အဲဒီလို ညှိ တယ်။ ကျွန်မကတော့ လက်မခံနိုင် ဘူး။ အစကတည်းက ဒီကားတွေ ကို လိုင်စင်မဲ့ကားတွေမှန်းသိရင် ကျွန်မတို့ ပြည်သူတွေက ဘယ် ဝယ်မလဲ။ ဝန်ကြီး ကိုယ်တိုင်က ဒဏ်ရိုက်တာဟာ စက်မှုဇုန်တွေကို ရိုက်တာကားဝယ်ထားတဲ့ပြည်သူ တွေကို ရိုက်တာ မဟုတ်ဘူးလို့ ပြောထားတာပဲ။ အခုအချိန်အထိ ဒဏ်ကြေးလျှော့ပေးတာတောင်ဇုန်တွေက မဆောင်ပေးဘူး”ဟု တရားမဝင် Super Custom ကား ကို စက်မှုဇုန်ထုတ်ကားဟု ထင် မှတ်ပြီးဝယ်ခဲ့သူ မင်္ဂလာတောင် ညွှန့်မြို့နယ်မှ ဒေါ်ခက်ခက်ကျော် က ဆိုသည်။
စက်မှုဒုတိယဝန်ကြီးကိုယ် တိုင်က တာဝန်ယူဖြေရှင်းပေးမည် ဟုပြောဆိုထားပြီးဖြစ်သည့်အတွက် Super Custom ကားဝယ်ယူထား သူများအနေဖြင့် အခြေအနေကို ဆက်လက်စောင့်ဆိုင်းလျက်ရှိ ကြောင်း၊ လွှတ်တော်တွင်လည်း ဒုတိယဝန်ကြီးပြောဆိုချက်မှာ မှတ် တမ်းတင်ထားရှိပြီးဖြစ်သည့်အတွက် ပြောဆိုထားသည့်အတိုင်း မလုပ် ဆောင်လျှင် ရှေ့ဆက်လုပ်ဆောင် စရာများစွာရှိနေကြောင်း စက်မှုဇုန် များထံမှကစနမ ဃကျအသာ ကား ဝယ်ယူသူများက ဆိုကြသည်။
စက်မှုဇုန်ထုတ်ကားကုမ္ပဏီ များက ဒဏ်ကြေးမပေးဆောင် သည့်အပြင် ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားရေးမှူးဦးစီးဌာနသို့ပေးဆောင်ရမည့် ဇုန်ခွန်ကို ပေး ဆောင်ခြင်းမရှိကြောင်းသိရှိရသည်။
စက်မှုဇုန်ကားထုတ်လုပ်ရေး ကုမ္ပဏီများက စက်မှုဇုန်ထုတ်ဟု လိမ်လည်ရောင်းချသောSuper Custom ကားများကို စက်မှုဝန်ကြီး ဌာနက ဒဏ်ကြေးရိုက်ခဲ့ရာ ဒဏ် ကြေးပေးဆောင်မှုနှင့်ပတ်သက်ပြီး ကားဝယ်သူနှင့် ကားရောင်းသူများ အကြား တရားစွဲဆိုမှုများ နိုင်ငံ တစ်ဝန်းလုံးတွင် ဖြစ်ပွားလျက်ရှိ သည်။
မန္တလေးအခြေစိုက် စက်မှုဇုန် ထုတ် ကားထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော AMA တ ကားကုမ္ပဏီ နှင့် Super Custom ကား ဝယ်ယူ ထားသူ ဦးရဲမြင့်တို့အကြား ဒဏ် ကြေးမပေးဆောင်မှုနှင့်ပတ်သက်ပြီး အပြန်အလှန်တရားစွဲဆိုမှု ဖြစ်ပွား လျက်ရှိကြောင်း၊ ယင်းအမှုတွင် ဦးရဲမြင့်က စက်မှုဝန်ကြီးဌာန၏ Super Custom ကားများအပေါ် အမေရိကန် ဒေါ်လာ ၁၃၀ဝ၀ ဒဏ် ရိုက်မှုကို ကုမ္ပဏီက ဒဏ်ကြေး မပေးဆောင်မှု၊ ယာယီနံပါတ်ရ ကားကို လိုင်စင် ရရှိအောင် မလုပ် ဆောင်ပေးမှု တို့ကြောင့်AMA ကား ကုမ္ပဏီကို တရားမကြောင်းဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ AMA ကားကုမ္ပဏီကလည်း ဦးရဲမြင့်အပေါ် သိန်း ၃၀ဝ၀ လျော်ကြေး ရလိုမှုများ ဖြင့် မန္တလေးခရိုင် တရားရုံးတွင် မတ်လ ၉ ရက်နေ့မှစတင်ပြီး အပြန် အလှန် တရားစွဲဆိုထားကြသည်။
မင်္ဂလာတောင်ညွန့် မြို့နယ်မှ Super Custom ကား ဝယ်ယူထား သူ ဒေါ်ခက်ခက်ကျော်ကလည်း ကားရောင်းချသူကိုဒဏ်ကြေးမပေး ဆောင်ပေးသဖြင့် လိမ်လည်မှုဖြင့် တောင်ဒဂုံမြို့နယ် တရားရုံးသို့ တင်ပြခဲ့ရာ တရားရုံးက ပယ်ချခဲ့ သဖြင့် တရားမကြောင်းဖြင့် ဆက် လက်စွဲရန်ပြင်ဆင်လျက်ရှိကြောင်း ပြောဆိုသည်။
တာမွေမြို့နယ်တရား ရုံးတွင် လည်း Super Custom ကားဝယ် ယူထားသူ ဦးမင်းမော်က ကားရောင်းချသူကို ဒဏ်ကြေး မပေး ဆောင်မှုအတွက် လိမ်လည်မှုပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။
မုံရွာစက်မှုဇုန်ရှိ ကားထုတ် လုပ်ရေးကုမ္ပဏီတစ်ခုမှ ထုတ် လုပ်သော Super Custom ကား ကို ဝယ်ယူထားမိပြီး ဒဏ်ကြေး ရိုက်ခံရသောအခါ ကားကုမ္ပဏီက ပေးဆောင်သော်လည်း ကားနှင့် ပတ်သက်သော စာရွက်စာတမ်း များမပေးဘဲ ငွေကျပ် ၅၅ သိန်း ပေးရန်တောင်းဆိုလာသဖြင့် ကား ပိုင်ရှင် အမျိုးသမီးက မုံရွာမြို့နယ် တရားရုံးတွင် လိမ်လည်မှုဖြင့် ကား ထုတ်လုပ်သည့် ကုမ္ပဏီကို တရား စွဲဆိုထားသည့် အမှုများမှာလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်။


No comments:

Post a Comment