ပြည်တွင်းတွင် ကားထုတ်လုပ် နိုင်ရန်အတွက် မြန်မာနိုင်ငံ မော်တော် ယာဉ်ထုတ်လုပ် တင်သွင်း ရောင်းချ သူများ အသင်းဖြစ်မြောက်ရေး ကော် မတီကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ရာ ယခုအခါ Japan Auto Mobile Corporation Service ကုမ္ပဏီက စက်ရုံ တည်ထောင်ပြီး လုပ်ငန်းသုံး ကား သစ်များ ထုတ်လုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
Japan Auto Mobile Corporation ကုမ္ပဏီကဝန်ထမ်းများ ကို နိုင်ငံတော်ခွင့်ပြုချက်ဖြင့် ဂျပန် နိုင်ငံတိုယိုတာကားစက်ရုံ၊ နစ်ဆန်း ကားစက်ရုံ၊ မစ်ဇူဘီရှီကားစက်ရုံ များသို့ ၂၀ဝ၇ ခုနှစ်မှ စတင်ကာ ပညာသင်ယူစေခဲ့ကြောင်း၊ စက်ရုံ တည်ဆောက်ရန် ယခုအခါစက်ရုံ မြေနေရာ ၁၇ ဧကခန့် စီစဉ်ထား ပြီးဖြစ်ကြောင်း၊ ကားထုတ်လုပ်မှု လုပ်ငန်းအတွက် အစုရှယ်ယာများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရ သည်။
“ကျွန်တော်တို့က ကားထုတ် တယ်ဆိုပြီး နိုင်ငံခြားကပစ္စည်းမှာ။ ပြည်တွင်းမှာ တပ်ဆင်တာမျိုးမဟုတ် ဘူး။ အခုလောလောဆယ်တော့အကုန်မဟုတ်တောင် ပြည်တွင်း မှာရနိုင်သလောက် ထုတ်လုပ်မှာ ပါ။ တချို့တစ်ဝက်ကိုပဲ နိုင်ငံခြားက မှာရမှာပါ။ နည်းပညာနဲ့စက်ပစ္စည်း လိုအပ်ချက်တွေကို ဂျပန်ကလုပ်ငန်း ရှင်တွေ ကူညီပေးမှာပါ”ဟု မှန် ထုတ်လုပ်မှုသင်ယူလာသူ ဝန်ထမ်း တစ်ဦးက ဆိုသည်။
Japan Auto Mobile Corporation ကုမ္ပဏီတွင် ဒါရိုက်တာ အဖွဲ့ဝင်အယောက် ၂၀ ကျော်ရှိကာ စက်ရုံလည်ပတ်နိုင်ရန်အတွက် ဝန် ထမ်း ထောင်ချီခေါ်ယူသွားမည်ဖြစ် ကြောင်း၊ ယခုအခါ အင်ဂျင်နီယာ နှင့် စီမံခန့်ခွဲသူများခေါ်ယူကာ သင် တန်းများပို့ချနေပြီဖြစ်ကြောင်း၊ မော်တော်ကားများကို ပြည်တွင်း တွင် ထုတ်လုပ်ရောင်းချနိုင်ပါက ကားဈေးများ ထပ်မံကျဆင်းလာ နိုင်ကြောင်း သိရသည်။
No comments:
Post a Comment