ပါကစ္စတန်နိုင်ငံ၏ အဓိက လေတပ် အခြေစိုက် စခန်း တစ်ခုအား လက်နက် ကိုင် စစ်သွေးကြွများက သေနတ် များ၊ ရော့ကက်လောင်ချာ များဖြင့် အရုဏ်တက် ချိန် မတိုင်မီ တိုက်ခိုက်ခဲ့ရာ နာရီပေါင်းများစွာ တိုက်ပွဲများ ပြင်းထန် ခဲ့ပြီး လူရှစ်ဦးသေဆုံး သွားကြောင်းအရာရှိများ က ပြောကြားသည်။
ယင်းအခြေစိုက် စခန်းတွင် Mirage တိုက်လေယာဉ်များနှင့် တရုတ် နိုင်ငံ၏ အထောက်အပံ့ဖြင့် JF-17 တိုက်လေယာဉ် များ တပ်ဆင်ထုတ်လုပ်ကြောင်း သိရသည်။ " လုံခြုံရေးအရာရှိနှစ်ဦးနဲ့ တိုက်ခိုက်ရေးသမား ခြောက်ဦးသေဆုံးခဲ့ပါတယ်" ဟု ပြောခွင့်ရ ပုဂ္ဂိုလ်တစ် ဦးကအေအက်ဖ်ပီသို့တယ်လီဖုန်းဖြင့်ပြောကြားသည်။ ယင်းအခြေစိုက်စခန်းများမှာ အစ္စလာမာ ဘတ်မြို့အနောက်မြောက်ဘက် ၃၇ မိုင်အကွာတွင် တည်ရှိပြီး ညသန်းခေါင်ကျော် နံနက် ၂ နာရီတွင် တိုက်ခိုက်မှုများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။
—Ref: AFP
No comments:
Post a Comment