Wednesday, 22 August 2012

တောမီးများကြောင့် ကယ်လီဖိုးနီးယားတွင် လူ ၃,ဝ၀ဝ အား ရွှေ့ပြောင်းပေး ခဲ့ရ


အမေရိကန်နိုင်ငံ ကယ်လီ ဖိုးနီး ယားပြည်နယ် မြောက်ပိုင်းတွင် လျှပ်စီး လက်မှု များကြောင့် အလွန် ခြောက်သွေ့နေပြီဖြစ်သော မြက် ခင်းများ၊ ချုံပုတ် များနှင့် သစ် တောများ ထိန်းမနိုင်သိမ်း မနိုင် လောင်ကျွမ်း ခဲ့ရာ ကျေးလက် ဒေသအများအပြားမှ ပြည်သူ ၃çဝ၀ဝ ခန့် အား ရွှေ့ပြောင်းပေး ခဲ့ ရကြောင်း သိရသည်။
အကြိမ် ၉၀ဝ ခန့် လျှပ်စီး လက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ကြောင့် ဖြစ်ပေါ်ခဲ့သော တောမီး များမှာ ရှက်စတာနှင့် တီဟာမာ စီရင်စုများတွင် မြေဧကပေါင်း ၁၂çဝ၀ဝ ကို လောင်ကျွမ်းစေခဲ့ သည်။ ထိခိုက်ဒဏ်ရာရမှုသတင်း မကြားရသော်လည်း Ponderosa ဟုခေါ်ဝေါ်သောမီးကြောင့်အနည်း ဆုံးလူနေအိမ်ခုနစ်လုံးပျက်စီးခဲ့ပြီး နောက်ထပ်အိမ်ပေါင်း ၃çဝ၀ဝ ကိုလည်း ခြိမ်းခြောက်လျက်ရှိ ကြောင်း ကယ်လီဖိုးနီးယား သစ် တောနှင့် မီးဘေးကာကွယ်ရေး ဌာနကပြောကြားသည်။
မန်တန်နှင့် ရှင်ဂယ်တန်မြို့ နယ်များရှိ နေအိမ်ပေါင်း ၂ဝ၀ဝ မှ လူများအား ပြောင်းရွှေ့ထား ရန် အမိန့်ပေးထားကြောင်း သစ် တောနှင့် မီးဘေးကာကွယ်ရေး ဌာနမှ ပြောခွင့်ရအမျိုးသမီး မေရီ အန်းအယ်လရစ်က ပြောကြား သည်။ လူ ၃çဝ၀ဝ ခန့် ရွှေ့ပြောင်း နေထိုင်ခဲ့ရသည်ဟု ခန့်မှန်းထား သော်လည်း စာရင်းအတိအကျ မရရှိသေးကြောင်း ၄င်းက ပြော ကြားသည်။ တောမီး များကို မီး သတ် တပ်ဖွဲ့ဝင် ၁çဝ၀ဝ က ရေသယ် ယာဉ်များ၊ ရဟတ်ယာဉ်များ၏ အကူအညီဖြင့် ငြှိမ်းသတ်လျက် ရှိကြောင်းသိရသည်။
—Ref: Reuters

No comments:

Post a Comment