Wednesday, 22 August 2012

မိုဒရစ်အား အသင်း၏ ကစားသမား အဖြစ် ဖော်ပြခဲ့သည့် ရီးရဲလ် ၀က်ဘ်ဆိုက်


ရီးရဲလ်မက်ဒရစ် အသင်းသည် စပါးစ် အသင်း၏ ကွင်းလယ် ကစားသမား မိုဒရစ်၏ ကိုယ်ရေးအချက်များကို အသင်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီး
၎င်းအား ရီးရဲလ် ကစားသမား အဖြစ် စာရင်းသွင်း ခဲ့ခြင်းကြောင့် မကြာသော ကာလတွင် မိုဒရစ်သည် ရီးရဲလ် အသင်းသို့ ရောက်ရရှိဖွယ် ရှိနေသည်။ ရီးရဲလ် အသင်းသည် မိုဒရစ်၏ ကိုယ်ရေးအချက်အလက်များအား အသင်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီးနောက် လျင်မြန်စွာ ပြန်လည် ဖြုတ်ပစ်ခဲ့သော်လည်း ယင်းအား ပရိသတ် ထောင်ပေါင်းများစွာက ကြည့်ရှုခဲ့ပြီး ဖြစ်သည်။ မိုဒရစ်၏ ကိုယ်ရေး အချက်အလက်အား ဖော်ပြခဲ့ရာတွင် စပါးစ် အသင်း၌ (၂၀၀၈-၂၀၁၂)ခုနှစ်ထိ ကစားခဲ့သည်ဟု ဖော်ပြခဲ့သည်။ ရီးရဲလ် အသင်းဘက်မှ ယင်းသို့ ဖြစ်ရခြင်းမှာ ကွန်ပြူတာ တိုက်ခိုက်မှု တစ်ရပ်ဖြစ်သည်ဟု ရှင်းလင်း ပြောဆိုခဲ့သည်။
Zayzai

No comments:

Post a Comment