ကိုရီးယား ရုပ်တူ ပြိုင်ပွဲမှာ ဆုရရှိပြီး အနုပညာ လောကထဲ ကို ရောက်ရှိ လာတဲ့ နွေးထက်စံ ကတော့ အနုပညာ အလုပ်တွေကို စဉ်ဆက်မပြတ် လုပ်နေတာ တွေ့ရပါတယ်။ အခုလို မိုးရာသီမှာ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ထိန်းသိမ်း စောင့်ရှောက်မှုတွေကို မေးမြန်းခဲ့ပါတယ်။
အခု မိုးရာသီ ဖြစ်တဲ့ အတွက် ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဘယ်လို ဂရုစိုက်ဖြစ်နေသလဲ။
မိုးရာသီဖြစ်တဲ့ အတွက် သမီးက အပြင်သွားပြီး ပြန်လာရင် ခြေ၊ လက်တွေကို သေသေချာချာ ဆေးကြောတယ်။ ခေါင်းကို မိုးစိုလာရင်လည်း အိမ်ရောက်တာနဲ့ ခေါင်းလျှော်တယ်။ မဟုတ်ရင် ဗောက်ထတာတွေ ဖြစ်တတ်တယ်။
ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကြိုတင် ကာကွယ်မှုတွေကော လုပ်ဖြစ် သလား။
Medical Check-up တော့ မလုပ်ဖြစ်သေးဘူး။ အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တော့ ရှိတယ်။ မိုးမိပြီ ဆိုတာနဲ့ လိုအပ်တဲ့ ဆေးဝါးတွေကို ကြိုတင်သောက်တယ်။ အသားအရေလှပဖို့အတွက် Glow နဲ့ Ferrovit သောက်တယ်။ စိတ်ဖိစီးမှု များလာတဲ့အခါမှာတော့ Enervon-C သောက်ဖြစ်ပါတယ်။
အသားအရေ လှပမှုအတွက် ထိန်းသိမ်း ဖြစ်တာကကော။
သမီးရဲ့ အသားအရေက ထိခိုက်လွယ်တဲ့ အသားအရေ ဖြစ်တဲ့အတွက် မိတ်ကပ် လိမ်းတာများရင် အဖုတွေ၊ Allergy တွေ ထွက်လာတယ်။ ဒါကြောင့် Total Skin မှာ တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် တစ်လတစ်ကြိမ်လောက် ပြဖြစ်နေပါတယ်။
ဘယ်လို Cosmetics တွေက ညီမ အသားအရေနဲ့ မတည့်ဘူးလို့ ထင်လဲ။
သမီးက Cosmetics တွေကို Brand မျိုးစုံတော့ သုံးဖူးတယ်။ တချို့ Brand တွေက လိမ်းပြီးတာနဲ့ အသားအရေက ချက်ချင်း နီလာတယ်။ Chemical ပါဝင်မှု များတာကြောင့် ဖြစ်မယ်လို့ ထင်တယ်။ တစ်ခါတလေ သနပ်ခါး လိမ်းရင်တောင် မျက်နှာက စပ်ဖျဉ်းဖျဉ်း ဖြစ်လာတယ်။ ဒါကြောင့် လက်ရှိမှာ Total Skin က ပေးတဲ့ Cosmetics တွေ၊ Skin Care တွေကိုပဲ အသုံးပြုဖြစ်နေတယ်။
Spa တွေကော သွားဖြစ်လား။
Spa ကိုတော့ သွားဖြစ်ပါတယ်။ Body Spa ပြုလုပ်တာထက် မျက်နှာပိုင်းကို ဦးစားပေးပြီး ပြုပြင်ဖြစ်တယ်။ အခုနောက်ပိုင်းမှာ ဆံပင် အရောင်ဆိုး တာတွေကြောင့် ဆံပင် ကျွတ်လာတယ်။ ဒါကြောင့် ဆံပင်ပေါင်းတင်တယ်။ မျက်နှာပေါင်း တင်တာ ကိုတော့ Total Skin မှာ ပြုလုပ်တယ်။ နောက်ပြီး ဝက်ခြံ ညှစ်တာ တွေကိုလည်း Total Skin မှာပဲ လုပ်ဖြစ်တယ်။
မိန်းကလေး တစ်ယောက် အတွက် အလှအပက ဘယ်လောက်ထိ အရေးပါတယ်လို့ ထင်မြင် ယူဆထားသလဲ။
မိန်းကလေးတစ်ယောက်မှာ အလှအပထက် တစ်ကိုယ်ရေ သန့်ရှင်းအောင် ဂရုစိုက်ဖို့က ပိုအရေးကြီးတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိပြီး အလှအပ အတွက်ပါ ဂရုစိုက်လိုက်ရင်တော့ ပိုပြီး Perfect ဖြစ်မယ်လို့ ထင်ပါတယ်။ ဘယ်လောက်ပဲ လှအောင် ပြင်ဆင်ထားထား တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသလို ထင်သလောက် Perfect မဖြစ်ဘူး။
မိန်းကလေး တစ်ယောက်ဟာ အိပ်ရေးဝမှ အသားအရေ လှပတယ် ဆိုတာကိုကော ယုံကြည်သလား။
ဟုတ်ပါတယ်။ အရင်က အိပ်ချိန်မမှန်ဘူး။ အိပ်ရေးမဝရင် စိတ်ကြည်လင်မှု မရှိတဲ့အပြင် အသားအရေလည်း ခြောက်လာတယ်။ နောက်ပြီး စိတ်ဖိစီးမှု များလာတဲ့ အခါမှာလည်း နေရတာ အဆင်မပြေဘူး။ ဒါကြောင့် အခုနောက်ပိုင်းမှာ ည ၁၀ နာရီ ထိုးတာနဲ့ အိပ်ချိန်လို့ သတ်မှတ်ထားပါတယ်။
ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အသိပညာ တိုးပွားစေဖို့ အတွက် လေ့လာမှုတွေ ပြုလုပ်ဖြစ်သလား။
ကျန်းမာရေးနဲ့ ပတ်သတ်ပြီး သမီးတို့ အိမ်မှာ Good Health ဂျာနယ် အမြဲယူတယ်။ ဂျာနယ်ထဲမှာပါတဲ့ တခြားနိုင်ငံမှာ ဖြစ်နေတဲ့ ရောဂါတွေအကြောင်း နောက်ပြီး ဒေါက်တာစိုးလွင်နဲ့ ဒေါင်တာခင်မိုးမိုးတို့ ရေးတဲ့ ကျန်းမာရေး အသိပညာပေး ဆောင်းပါးတွေကို ဖတ်ဖြစ်တယ်။ ဆောင်းပါးမှာ ပါတဲ့ ကျန်းမာရေး ဗဟုသုတတွေကိုလည်း လိုက်နာဖြစ်တယ်။
ဒါဆို ကျန်းမာရေးက ကိုယ့်အတွက် ဘယ်လောက်အထိ အရေးပါတယ်လို့ ယူဆမိသလဲ။
လူတစ်ယောက် ကျန်းမာမှ ပျော်ရွှင်မှုဆိုတာ ရရှိနိုင်မှာပါ။ မကျန်းမာရင် ဘာမှလုပ်လို့ မရဘူး။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို လုပ်ဆောင်နိုင်ဖို့ ကျန်းမာရေးကို ဦးစားပေး ဆောင်ရွက်ရတာပေါ့။ လူတစ်ယောက်ဟာ ကျန်းမာနေပေမယ့်လည်း ကိုယ့်ရဲ့ ကျန်းမာရေးအတွက် Medical Check-up ပြုလုပ် သင့်တယ်လို့တော့ ထင်ပါတယ်။
No comments:
Post a Comment