DV 2013 Program အတွက် DV မဲကို အောက်တိုဘာ ၁ ရက်တွင် နောက်ထပ် တစ်ကြိမ် မဲဖောက် ရန်ရှိနိုင် သည့် အတွက် Confirmaton နံပါတ်ကို သိမ်းထားရန် မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန် သံရုံးထုတ်ပြန်ချက် တွင်ရေးသား ထားသည်။
ထိုပြင် DV ပေါက်မပေါက်ကိုwww.dvlottery.state.gov တွင်ကြည့်ခြင်းဖြင့်သာသိနိုင်ပြီး မဲပေါက်ခြင်းကို အီးမေးလ်၊စာဖြင့် အကြောင်းကြားခြင်းမပြူဟု သိရသည်။ DV Program တွင်ဗီဇာကံစမ်းရန်အတွက်အခကြေးငွေမပေးရကြောင်း မဲပေါက်လျင်လည်းငွေပေးရန်မလိုကြောင်း ထုတ်ပြန်ချက်တွင်သတိပေးထားသလို State Department မှလည်းအချက်အလက်များအတွက်ငွေကြေးမတောင်းခံ့ဟုဆိုသည်။ အီးမေးလ်ဖြင့် DV ပေါက်ကြောင်းအကြောင်းကြားပြီးငွေပို့ခိုင်းခြင်းများကို အထူးသတ်ပြုရန် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ DV မဲနှင့်ပတ်သက်၍ သိရှိလိုလျင် ရန်ကုန် သံရုံး၏ဗီဇာ website (http://burma.usembassy.gov/diversity visas.html) တွင်ကြည့်ရှုနိုင်သည်။
No comments:
Post a Comment