(၄၆)ကြိမ်မြောက် အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကာယ အလှမယ်နှစ် ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ပြိုင်ပွဲကို တရုတ် နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် လာမည့် စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက် အထိ ကျင်း ပမည်ဖြစ်သည်။
အာရှအဆင့်ပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ ရသည့် ကာလအလှမယ်နှစ်ဦးမှာ ပြီးခဲ့သည့် အိုလံပစ်နေ့အထိမ်း အမှတ်ကျင်းပခဲ့သည့် အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲ Model Physique ခေါင်းစဉ်ပြိုင်ပွဲတွင် ပထမရရှိခဲ့သည့် မဝတ်ရည်ဖြိုးနှင့် Fitness Physique ခေါင်းစဉ်ပြိုင် ပွဲတွင် ပထမရရှိခဲ့သည့် မအေး အေးစိုးတို့ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၃၀ ကျော်နောက် ပိုင်း ပထမဆုံးအကြိမ် ဝတ်စား ဆင်ယင်မှုအသစ်ဖြစ်သည့် အင်္ကျီ လက်ပြတ်၊ ဘောင်းဘီတို၊ အား ကစားဝတ်ဖြင့် ယှဉ်ပြိုင်ရသည့် ကာယအလှမယ်ပြိုင်ပွဲကို ပြီးခဲ့ သည့် ဇွန်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
No comments:
Post a Comment