Wednesday, 22 August 2012

ကိုင်တက် တိုင်ဖွန်းကြောင့် ဗီယက်နမ်တွင် လူကိုးဦး သေဆုံး


ဗီယက်နမ် နိုင်ငံ မြောက်ပိုင်းတွင် 'Kai Tak' (ကိုင်တက်)ဟု အမည် ပေးထားသော တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ရာ လူကိုး ဦးသေဆုံး ပြီး ထောင်ပေါင်း များစွာသော လူနေအိမ်ခြေများပျက် စီးကာ လယ်မြေအမြောက်အ မြား ရေနစ်မြုပ်နေကြောင်း အာ ဏာပိုင်များ ကပြောသည်။
ဩဂုတ်လ ၁၇ ရက်တွင် ကုန်းတွင်းသို့ ဝင်ရောက်လာသော မုန်တိုင်းနှင့်အတူ လေပြင်း တိုက် ခတ်မှုများ၊ မိုးသည်းထန်စွာ ရွာ သွန်းခြင်းများ ဖြစ်ပေါ်ခဲ့ရာ မြို့ တော်ဟနွိုင်းမြောက်ပိုင်း လူနေ ထူထပ်ရာဒေသများတွင်ပါ ရေနစ် မြုပ်နေခဲ့သည်။ စာ(၄၅)သို့ ဘက်ဂျမ်းခရိုင်တွင် မြေပြိုမှု ကြောင့် နေအိမ်၌ အိပ်ပျော်နေ သော အမျိုးသမီးတစ်ဦး သေဆုံး ခဲ့ပြီး အခြားလူငါးဦးမှာ ရေထဲ မျောပါသွားခဲ့ကြောင်း အစိုးရ၏ ရေကြီးမှုနှင့်မုန်တိုင်းထိန်းချုပ်ရေး ဗဟိုကော်မတီကပြောကြားသည်။ သစ်ပင်လဲကျခြင်းကြောင့် တက္ကစီ ယာဉ်မောင်းတစ်ဦး သေဆုံးသွား ပြီး အခြားလူနှစ်ဦးမှာ မီးကြိုးပြတ် ကျရာမှ ဓာတ်လိုက်သေဆုံးခဲ့ ကြောင်းသိရသည်။ လူနေအိမ်ပေါင်း ၁၂çဝ၀ဝ ခန့် ပျက်စီးပြီး စိုက်ပျိုးမြေဧက ပေါင်း ၅၆ဝ၀ဝ ရေလွှမ်းမိုးခံခဲ့ရ ကြောင်း အစိုးရကော်မတီကပြော ကြားသည်။ ဟနွိုင်းမြို့တွင် သစ် ပင်ကြီး ၂၀ဝ ခန့် အမြစ်မှ ကျွတ် ထွက်ခဲ့ပြီး ဩဂုတ်လ ၂၀ရက်အ ထိ မြို့၏ အချို့နေရာများမှာ ရေ နစ်မြုပ်နေဆဲ ဖြစ်ကြောင်းသိရ သည်။
—Ref: AFP

No comments:

Post a Comment