Thursday, 23 August 2012

တရုတ်နိုင်ငံ တွင်းမှ ငွေများကို ရင်းနှီး မြှုပ်နှံ သူများ ပြန်လည် ထုတ်ယူ


တရုတ် စီးပွားရေး တိုးတက်နိုင်မှု အလား အလာမှေး မှိန်နေခြင်း ကြောင့် နိုင်ငံ တွင်း မှ ငွေများကို ရင်းနှီးမြှုပ်နှံသူ များက ပြန်လည် ထုတ်ယူနေကြောင်း Wall Street Journal တွင် ဖော်ပြထား သည်။
၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်း တရုတ်ဘဏ်များ၏ ယွမ်ငွေရောင်းချရ မှု တန်ဖိုးစုစုပေါင်းသည် ၃ ဒသမ ၈ ဘီလီယံသာရှိကြောင်း တရုတ်ဗဟိုဘဏ် က ထုတ်ပြန်သွားသည်။ ပို့ကုန်တင်ပို့သူများက ရောင်းရ ငွေများကို တရုတ်ယွမ်ငွေသို့ လဲလှယ် ခြင်းမရှိခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများက ငွေကြေး များကို နိုင်ငံတွင်းမှ ပြန်လည်ထုတ်ယူခြင်းများ ပြုလုပ်နေ ခြင်းကြောင့် ယွမ်ငွေရောင်းချရမှု လျော့ နည်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဆယ်လအတွင်း ကုန်သွယ်ရေးပို့ငွေများမှတစ်ဆင့် နိုင်ငံ တွင်းသို့ ယွမ် ၉၀၀ ဘီလီယံကျော် ၀င်ရောက်ခဲ့သော်လည်း ဘဏ်များက လဲလှယ်ပေးရသော ယွမ်ငွေတန်ဖိုးမှာ ၁၄၅ ဘီလီယံသာရှိကြောင်း သတင်း တွင် ဖော်ပြထားသည်။
ယခုကဲ့သို့သော နိုင်ငံတွင်းသို့ ငွေကြေးစီးဝင်မှုများ လျော့နည်းလာ သဖြင့် ဘဏ်များမှ ငွေချေးငှားမှုများ ပြုလုပ်ရာတွင် အခက်အခဲများ ပေါ်ပေါက်နေပြီး တရုတ်အစိုးရ၏ ဖွံ့ဖြိုး တိုးတက်မှုဆောင်ရွက်ရေးမူဝါဒများကို ထိခိုက်စေမည်ဖြစ်သည်။ အတိတ်ကာလများတွင် တရုတ် နိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ အများအပြား ၀င်ရောက်လာခြင်း ကြောင့် ယွမ်ငွေတန်ဖိုးမြင့်တက်မှုများ၊ ပိုင်ဆိုင်မှုတန်ဖိုးမြင့်တက်မှုများဖြစ်ပေါ်ခဲ့ သော်လည်း ယခုအခါ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ အပါအ၀င် ပိုင်ဆိုင်မှုတန်ဖိုး လျော့ကျမှုများဖြစ်ပေါ်နေသည်။ ယင်းကဲ့သို့ ပိုင်ဆိုင်မှုတန်ဖိုးများ လျော့နည်းလာခြင်းသည် ရေရှည်ကာလ အတွက် ကောင်းသော်လည်း ဖွံ့ဖြိုးမှုကို ဦးစားပေးနေသော လက်ရှိကာလတွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ဆုံးရှုံးစေကြောင်း သတင်းတွင်ဖော်ပြ ထားသည်။


No comments:

Post a Comment