Tuesday, 21 August 2012

ဗီအဲရာ လက်သစ်ကို မန်စီးတီး လက်မှ ဖြတ်လုနိုင်ဖွယ် ရှိနေသည့် စပါး


တော့တင်ဟမ် ဟော့စပါး အသင်းသည် ပက်ထရစ် ဗီအဲရာ လက်သစ်ဟု တင်စားခံရသည့် လူငယ်လေးကို ခေါ်ယူရေးတွင် မန်ချက်စတာ စီးတီးအား အသာစီး ရဖွယ် ရှိနေကြောင်း သိရှိရသည်။

နာရ်ဘီတန်သည် မန်စီးတီးတွင် အစမ်းလာရောက် လေ့ကျင့်ခဲ့ဖူးပြီး ထိုစဉ်က ကလပ်အသင်းမှ တာဝန်ရှိသူများ၏ အထင်ကြီးမှုကို ရယူနိုင်ခဲ့သည်။ ထို့ကြောင့် မန်စီးတီးသည် ဘီတန်ကို အပြီးသတ် ခေါ်ယူနိုင်လိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယခုအခါ မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်၏ စပါးအသင်းက ကြားဝင်လာခဲ့ခြင်း ဖြစ်သည်။ အစ္စရေး လူငယ် ကွင်းလယ် ကစားသမားလေးအား ဘိုအာ့စ်က ဝှိုက်ဟတ်လိန်းသို့ ဖိတ်ခေါ်ကာ စကားပြောဆို ဆွေးနွေးလိုကြောင်း အသိပေး ကမ်းလှမ်းလိုက်သည်။

အက်ရှ်ဒေါ့ဒ် အသင်းပိုင်ရှင် ဂျက်ကီဘန်ဇာကန်သည် လန်ဒန်သို့ သွားရောက်ခဲ့သည့်နောက် စပါးအသင်းနှင့် ဆွေးနွေးခဲ့ပြီး သဘောတူညီမှုတစ်ခု ရရှိခဲ့ပြီဟု သတင်းများက ဆိုသည်။ အသက်(၂၀)အရွယ် ဘီတန်သည် ကွင်းလယ်အဖျက်ကို ပိုင်ပိုင်နိုင်နိုင် ကစားနိုင်ပြီး တက်တက်ကြွကြွ မမောမပန်းတမ်း ရွေ့လျားနိုင်သဖြင့် အာဆင်နယ် ဂန္ထဝင် ကစားသမားဟောင်း ဗီအဲရာနှင့် ခိုင်းနှိုင်း ခံရသူဖြစ်သည်။ ဘိုအာ့စ်သည် လူကာမိုဒရစ်ကို ရီးယဲလ်မက်ဒရစ်ထံ လက်လွှတ်ရရန် နီးစပ်နေသည့်နောက် ကွင်းလယ် ဖွဲ့စည်းပုံကို ပြောင်းလဲရန် ကြိုးစားလျှက် ရှိသည်။
မန်စီးတီးသည် ဘီတန်ကို အပြီးသတ် ခေါ်ယူနိုင်လိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယခုအခါ မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်၏ စပါးအသင်းက ကြားဝင်လာခဲ့..
Ref: Daily Mail


No comments:

Post a Comment