ဖိလစ်ပိုင် နိုင်ငံ၏ ယခင်က သမ္မတဖြစ်သူ ဂလိုရီယာမက်ကာ ပါဂါအာရိုယို သည် ကျွမ်းကျင်သော ဆေးဝါး စောင့်ရှောက်မှု ခံယူရန် ပြည်ပနိုင်ငံသို့ ခရီးထွက်ခွာရန် မလို အပ်ဟု “ဖိလစ်ပိုင်နိုင်ငံ ဆေးဝါး အသင်း“ခေါ်PMA ၏တာဝန်ရှိ သူ တစ်ဦးက စနေနေ့တွင် ထုတ် ဖော်ပြောဆိုခဲ့သည်။
အာရိုယို အသက်ရှုရန်နှင့် အစားအစာအလွယ်တကူစားသုံး နိုင်ရန် အာရိုယို၏လည်ပင်းထဲတွင် ထည့်ထားသော တိုက်တေနီယမ် ပြားလေးကို ဦးတည်ရာပြောင်း ပေးခြင်းသည် ဖိလစ်ပိုင်နိုင်ငံရှိ အရိုးကုသမားတော် မည်သူမဆို ရိုးစင်းလွယ်ကူသည့် သုံးနာရီကြာ လုပ်ငန်းစဉ်သာ ဖြစ်ကြောင်း PMA ၏ဒုတိယဥက္ကဋ္ဌဒေါက်တာ လီယိုအိုလာတေ (Leo Olarte) က ထုတ်ဖော်ပြောဆိုခဲ့သည်။
ယခင်သမ္မတသည် သူမကို ကုသပေးမည့်ဆရာဝန်နှင့် ဆေးရုံ ကို ရွေးချယ်ရန်အခွင့်အရေးရှိ ကြောင်း၊ အာရိုယို၏ အခြေအနေ ကို ခြေရာကောက်ထားဖူးသူ အရိုး ခွဲစိတ်ကုသ သမားတော်ကြီးဖြစ်သူ အိုလာတေးက ထုတ်ဖော်ပြောဆို ခဲ့သည်။ သို့ရာတွင် အာရိုယို၏ ဆရာဝန်ဖော်ပြသည်မှာ သူမကို ကုသနိုင်သည့် အထူးကုသမား တော်သည် ဤတိုင်းပြည်တွင် မရှိ ကြောင်း၊ မတွေ့ဖူးကြောင်း ဖော်ပြ ခဲ့သည်ဟုအိုလာတေးကဆိုသည်။
အာရိုယိုသည်သားအိမ် ခေါင်း ရိုးဝေဒနာကြောင့် လည်ပင်းရိုးနု ဆေးမတိုးသည့် Cervical Spondylosis ဝေဒနာခံစားနေရ သည်။ သူမသည် ပြီးခဲ့သည်နှစ် ဇူလိုင်လမှစ၍ သုံးကြိမ်သုံးခါခွဲစိတ် ကုသမှု ခံယူခဲ့ဖူးကြောင်း သူမ၏ လည်ပင်းရိုးတွင် တိုက်တေနီယမ်ပြာ ထည့်သွင်းမှုကို ခံယူခဲ့ရသည် ဟုဆိုသည်။
ယခင်သမ္မတကြီး အာရိုယိုကို သူမ၏ အခြေအနေအားထပ်မံရှာ ဖွေကြိုးပမ်းနိုင်ရန် ခွင့်ပြုသင့်ပါ ကြောင်း၊ ゞင်းအချက်သည် သူမ၏ လုပ်ပိုင်ခွင့်ဖြစ်ကြောင်းဖိလစ်ပိုင်နိုင်ငံ အရိုးအဆစ်ကုသရေးအဖွဲ့ (Philippine Orthopedic Spine Society) ၏ ဥက္ကဋ္ဌဖြစ်သူဒေါက်တာ အန်တိုနီယို ဆီဆွန် (Antonio Sison)ကအင်တာဗျူးတစ်ခု၌ စနေ နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် အာရိုယို ကို ကုသရန် ဆေးဝါးကုသရေး ပါရဂူများမရှိဆိုသည့် အာရိုယို၏ နှလုံးရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ ရောဘတ်တိုအဲန်နက် စတာဆီယို (Roberto Anast -acio) ၏ထုတ်ဖော်ပြောဆိုချက်ကို ဒေါက်တာဆီဆွန်က ပယ်ချခဲ့ သည်။
“အရင်ဆုံးပြောရရင် သူက နှလုံးရောဂါပါရဂူလေ။ သူက အရိုး အဆစ်ခွဲစိတ်ဆရာဝန်မဟုတ်ဘူး။ သူ့မှာ အရိုးခွဲစိတ်တဲ့ အသိပညာ ဘာမျှမရှိဘူး”ဟု ဒေါက်တာ ဆီဆွန်ကဆိုသည်။
MMC ခေါ် မာကာတီဆေး ပညာဌာနရှိ နှလုံးအထူးကုဆရာ ဝန်ဒေါက်တာ အဲန်နက်စ်တာ စီယို က၊ သတင်းထောက်များကို ပြော ကြားရာတွင် သူမ၏ လည်ချောင်း ထဲရှိ တိုက်တေနီယမ်ပြာလေး သည် လြွေပန်လမ်းကြောင်းများကို ပိတ်ဆို့နေသဖြင့် အသက်ကို ထိ ခိုက်သည့်အခြေအနေဖြစ်သည်ဟု ဆိုသည်။
No comments:
Post a Comment