ကုန်ပစ္စည်း ကြော်ငြာတွေ လက်ခံတဲ့အခါ အဓိက ဘာကိုကြည့် ပြီး ရွေးချယ် လက်ခံ ဖြစ်တာပါပဲ။
များသော အားဖြင့် အောန် ဆိုင်းကိုလာ အပ်တဲ့ကြော်ငြာတွေ အကုန်နီးပါးရိုက်ဖြစ်တယ်။ မရိုက် ဖြစ်တာခပ်ရှားရှားပါပဲ။ ကိုယ့်ကို ယုံပြီး သဘော ကျလို့ ရွေးချယ်ထား ဖြစ်တဲ့အတွက် ရိုက်တဲ့အချိန်မှာ အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုးကိုထားတယ်။ သတိထားပြီး သေချာလုပ်ပေးတယ်။
ရတနာဆိုင်ကြော်ငြာတွေနဲ့ အကျိုးပေးတယ်လို့ ထင်လား။
အဲဒီလိုတော့ မပြောတတ် ဘူး။ အောန်ဆိုင်းအကုန်လုံးရိုက်ရ တာကြိုက်တယ်။ ကိုယ့်ဆီကို လာတဲ့အလုပ်မှန်သမျှအကောင်း ဆုံးလုပ်တာပါပဲ။
.ကြော်ငြာမော်ဒယ်အဖြစ်ပဲ ရပ်တည်မှာပါလား။
ဗ.အောန်ဆိုင်းရဲ့ အဓိက အလုပ်က မော်ဒယ်လ်ပဲလေ။ သ ရုပ်ဆောင်အလုပ်က အောန်ဆိုင်း အတွက် Majar မဟုတ်ဘူး။ သ ရုပ်ဆောင်ဘက်ကို အောန်ဆိုင်း သိပ်ပြီးအားမသန်ဘူး။
အလုပ်နဲ့ ပတ်သက်ပြီး စိတ်ညစ်ခဲ့ရတဲ့ကာလတွေရှိခဲ့လား။
ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒါတွေကလူတိုင်းလည်းကြုံဖူးပါ တယ်။ အောန်ဆိုင်းကဖြစ်ရပ်တစ် ခုပေါ်မှာ အကြာကြီးစိတ်ညစ်နေတဲ့ သူတော့မဟုတ်ဘူး။ျှ.အောန်ဆိုင်းခုနောက်ပိုင်း အလုပ်တွေပြန်ပြီးဆက်တိုက်ဆိုသလို လုပ်ခွင့်ရလာတာကံကြောင့်လား၊ စန်းကြောင့်လား။ ဗ.အောန်ဆိုင်းမပြောတတ် ဘူး။ ဒါပေမဲ့ အောန်ဆိုင်းယုံကြည် တာက အားလုံးရဲ့ ပံ့ပိုးမှုကြောင့်ပဲဒီလိုအဆက်မပြတ်အလုပ်တွေလုပ် လာရတယ်လို့ယုံကြည်တယ်။
.အောန်ဆိုင်းက အချစ် ကိစ္စတွေနဲ့ ပတ်သက်ရင် ငြိမ်လွန်း တယ်ဆိုတဲ့ အပေါ် အောန်ဆိုင်း ဘယ်လိုမြင်ပါလဲ။
အမှန်အတိုင်းပြောရရင် အောန်ဆိုင်း ရည်းစားမထားဖြစ်တာ ကြာပြီလေ။ ရည်းစားမရှိတော့ဖြေ စရာမရှိဘူးပေါ့။
တချို့အနုပညာအပြင် အောန်ဆိုင်း သီးခြားဝါသနာပါတာ တွေက
နည်းနည်းစီပါပဲ။ ဥပမာ - အောန်ဆိုင်းကဒ်လေးတွေစုတာ ဝါသနာပါတယ်။ ဒုတိယအနေနဲ့ ဆိုရင် လူမှုရေးလုပ်ငန်းတွေမှာ ကိုယ်တတ်ထားသလောက်ပါဝင်ချင် တယ်။
ကချင်ပြည်နယ်က ဖြစ်ရပ်က
အဓိက ကလေးတွေ အတွက် ကျန်းမာရေးနဲ့ ပညာရေး ကို အောန်ဆိုင်းစိုးရိမ်တယ်။ သူတို့ ကို မြင်ရတာအောန်ဆိုင်းစိတ်မ ကောင်းဖြစ်တယ်။ အောန်ဆိုင်း တစ်ယောက်တည်းအနေနဲ့ ကြီးကြီး မားမားတော့မလုပ်ပေးနိုင်သေးဘူး။ တတ်အားသရွေ့ပြောပေးတယ်။ ပါဝင်လှုပ်ရှားတဲ့နေရာမှာ အောန်ဆိုင်းတာဝန်ကျတဲ့နေရာမှာ စွမ်းစွမ်းတမံလုပ်ပေးပါတယ်။
.အောန်ဆိုင်းကဘယ်လို အပိုင်းကလုပ်ပေးရတာများလဲ။
အဖွဲ့အစည်းနဲ့လုပ်တဲ့နေရာ မှာပါတယ်။ ပြီးရင် ကိုယ်အိမ်ပြန် ရင်သူတို့နဲ့သွားတွေ့တယ်။ အဓိက သူတို့လိုအပ်နေတာနှစ်သိမ့်မှုပါ။ သူတို့ပြောတဲ့စကားနားထောင်ပေး တယ်။ သူတို့ဝမ်းနည်းရင်ကိုယ်ပါ လိုက်ပြီးဝမ်းနည်းတယ်။ မြစ်ကြီးနား ပြန်တုန်းက သူတို့ဆီသွားဖြစ်တယ်။
သွားဖြစ်တဲ့ အချိန်က အမှတ်ရနေတာ တစ်ခုလောက် ပြောပေးပါ။
အောန်ဆိုင်းစရောက်တဲ့ အချိန်မှာတော်တော်တေှာ့သခု ဖြစ်သွားတယ်။ အောန်ဆိုင်းစ ရောက်သွားတဲ့အချိန်မှာနေတာတွေ၊ စားတာတွေကကလေးတွေက တစ်နေ့တစ်နေ့စားဖို့တော်တော် အခက်အခဲဖြစ်တယ်။ ပြီးတော့ အဲဒီကိုရောက်မှ ဒုက္ခရောက်တာ တွေအများကြီးမြင်ရတော့ အောန် ဆိုင်းမျက်လုံးထဲမှာဓာတ်ပုံရိုက်ထား သလိုပဲ တော်တော်ကြာတဲ့အထိ အာရုံထဲက အဲဒီမြင်ကွင်းတွေမ ထွက်ဘူး။
အဲဒီဒေသကလူတွေအတွက် စာမျက်နှာပေါ်ကနေ အောန်ဆိုင်း ဘာပြောချင်ပါလဲ။
အဓိကပြောချင်တာက ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိနေတဲ့ က ချင်တိုင်းရင်းသားတွေက ဒုက္ခ ရောက်နေတဲ့သူတွေကိုစာနာတယ်။ သတိရတယ်။ ငွေကြေးနဲ့ ပံ့ပိုးပေး တဲ့သူရှိသလို ဆုတောင်းပေးနေတဲ့ သူတွေရှိတယ်။ ကချင်ဒေသက လူ တွေကို မေ့မထားဘူးလို့ ပြောချင် တယ်။
.အောန်ဆိုင်းကခုလိုနေခွင့် ရတဲ့အပေါ်ရော။
.အောန်ဆိုင်း ခုလိုနေခွင့် ရတာကတော့ ကျေးဇူးတော် ကြောင့်ပေါ့။ ဒါပေမဲ့ အောန်ဆိုင်းတို့က အားလုံး အမျိုးတွေပဲလေ။ ကချင်တွေက အမျိုးမကင်းကြတာ များတယ်။ အကုန်လုံးအဆင်ပြေမှ ပြောတာလေ။
No comments:
Post a Comment