Monday, 20 August 2012

ဗိုလ်ချုပ် အောင်ဆန်းနေရာ အတွက် မောင်ကျောက်ခဲ နုတ်ထွက်


သြဂုတ်လ ၁၈ ရက်၊ မနက် ၁ဝ နာရီက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက် ရေး အဖွဲ့ရုံးခန်းတွင် ဇာတ်ညွှန်းရေးသားခြင်း ကိစ္စ၊ သရုပ်ဆောင်ရွေး ချယ်ရေး ကိစ္စများနှင့် ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်း ပွဲကျင်းပခဲ့သည်။ ဆရာ ချစ်ဦးညိုနှင့် ဆရာ ကြည်စိုးထွန်းတို့ တာဝန် ယူရေးသားခဲ့သော ဇာတ်ညွှန်း မူကြမ်းသည် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။


ဇာတ်ညွှန်း မူကြမ်းကို သမိုင်းပညာရှင်များနှင့် တိုင်ပင်၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ ထွက်ရှိလာသော ဇာတ်ညွှန်းကို The Artist ဇာတ်ကားဖြင့် ၂ဝ၁၂ ခုနှစ်တွင် အကောင်းဆုံး ဇာတ်ကားအော်စကာဆု ဆွတ်ခူးခဲ့သည့် Weinstein Brothers Film Company မှ ဆက်တင်နှင့် ဇာတ်ကားအတွက် ကုန်ကျ စရိတ်များကို တွက်ချက်နိုင်ရန် ပေးပို့ သွားမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ၏ နေရာ တွင် သရုပ်ဆောင်ရန် နောက်ဆုံး အဆင့်ရွေးချယ် ထားသော ကျော်ကျော်မျိုးနှင့် ကျောက်ခဲ တို့ကို ရွေးချယ်ခဲ့ရာ ကျောက်ခဲ သည် အခက်အခဲအချို့ ရှိသည့်အတွက် သရုပ်ဆောင်နေရာ မှနုတ်ထွက် သည့်အကြောင်း ကြားစာကို ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်းသို့ ပေးပို့ ခဲ့သည့် အတွက် ရုံးအဖွဲ့မှ လက်ခံ သဘောတူကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း နေရာအတွက် ရွေးချယ် ခံထားရ သည့် ကျောက်ခဲနုတ်ထွက်သွားသည့် အတွက် ကျော်ကျော်မျိုး တစ်ယောက် ပဲ ရိုက် ဖြစ်မလားနှင့် ပတ်သက်ပြီး ကိုဇော်သက်ထွေးက''ကျောက်ခဲက သူ့သဘော ဆန္ဒအရ နုတ်ထွက်သွားတာပါ။ အခုလောလောဆယ် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ဘုတ်အဖွဲ့ နဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်ပင်ပြီး အရင် နောက်ဆုံး အဆင့်ရွေးချယ် ခဲ့တဲ့ ၇ ဦးထဲက တစ်ယောက်ကို ပြန်ရွေးဖြစ်မှာပါ'' ဟုပြောကြားပေးခဲ့သည်။
''ဘယ်သူကတော့ နုတ်ထွက်ချင်မှာလဲ။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်အောင်မြင်ဖို့ အတွက် ကျွန်တော် ပေးဆပ်လိုက် ရတယ်လို့ပဲ သဘော ထားပါတယ်။ ကြီးကြီးမားမားတော့ ဘာမှမရှိပါဘူး။ နုတ်ထွက်ဖို့ ဘယ်တုန်း ကမှ စိတ်မကူးဖူးဘူး။ ဒါပေမဲ့ နုတ်ထွက်ရမယ့် အကြောင်း ပေါ်လာ လို့ပါ''ဟု ကျောက်ခဲက သူဆန္ဒရှိသည့်တိုင်း ပြောကြားပေးခဲ့သည်။
ထွဋ်မြတ်

No comments:

Post a Comment