စက်မှုဇုန် အလုပ်သမား ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ပြီး ၆ လကြာချိန် အထိ အလုပ်သမား အခွင့်အရေးများ အပြည့်အ၀ မရရှိသေးကြောင်း လှိုင်သာယာ စက်မှုဇုန် အလုပ်သမား များက ယနေ့တွင် ပြောသည်။
ဆန္ဒပြမှုအပြီး အလုပ်ရှင်-အလုပ်သမား ချုပ်ဆိုသော သဘောတူစာချုပ်ကို အလုပ်ရှင်များက ဖောက် ဖျက်ခြင်း၊ စာချုပ် ချုပ်ပြီး နောက်ပိုင်းတွင် အလုပ်သမားများကို အပြစ်ရှာ၍ အလုပ်ထုတ်ခြင်း စသည်တို့ကို လက်ရှိအချိန်ထိ ကြုံတွေ့နေရဆဲဟု အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဌေးက ပြောသည်။
အလုပ်သမားများ ကြုတွေ့နေရသောအခက်အခဲများနှင့် ပတ်သက်သည့် ရှင်းလင်းပွဲကို ယနေ့ နံနက်က လှိုင်သာယာ၊ န၀ဒေးအိမ်ရာရှိ ရတနာတိုး စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပြီး စက်ရုံ ၁၅ ရုံမှ အလုပ်သမားကိုယ်စားလှယ်များက ၄င်းတို့၏ လက်ရှိအခြေအနေများကို မီဒီယာများသို့ ရှင်းလင်းပြောကြား ခဲ့သည်။
MZW
No comments:
Post a Comment