ဆီးရီးယားနိုင်ငံ ဒမတ်စကတ် မြို့ ဗလီတစ်ခုတွင် အစ္စလမ္မစ် အားလပ်ရက် အစပြုသည့် အထိမ်း အမှတ်အဖြစ် ဝတ်ပြုဆုတောင်းနေ သော ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ကို နိုင်ငံပိုင်ရုပ် သံလိုင်းတွင် တနင်္ဂနွေနေ့၌ ထုတ် လွှင့်ပြသခဲ့သည်ဟုသိရသည်။ ဆီး ရီးယားအစိုးရစစ်သားများသည် အမြို့မြို့တွင်ရှိ သူပုန်များကို တိုက် ခိုက်နှိမ်နင်းနေချိန်တွင် အဆိုပါ ထုတ်လွှင့်မှုသည် အများပြည်သူရှေ့ ရှားရှားပါးပါးဖော်ထုတ်မှု တစ်ရပ် ဟုဆိုကြသည်။
ရာမာဒန် ဥပုသ်လကုန်ချိန် တွင် ဒမတ်စကတ်မြို့ရှိ ဟာမက် ဗလီ၌ ဝတ်ပြုဆုတောင်းနေသည့် အာဆတ် နိုင်ငံခြားရေးဝန်ကြီး ဝါလစ်အယ်လ်မူလမ်နှင့် အခြား ထိပ်တန်းအရာရှိကြီးများ၏ မှတ် တမ်းရုပ်ရှင်ကို နိုင်ငံပိုင်ဆီးရီးယား ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဆူပူအြွုံကမှု မစတင်မီက စားသောက်ဆိုင်များ နှင့် အများပြည်သူရှေ့တွင် ဇနီး သည်နှင့်အတူ တွေ့ရလေ့ရှိသော အာဆတ်သည် တိုက်ပွဲများစတင် ချိန်မှစ၍ ပေါ်ပေါ်ထင်ထင်နေထိုင် မှုကို ကန့်သတ်ထားလိုက်ပြီဖြစ် သည်။
သူပုန်များသည် တိုက်ခိုက် မှုများနှင့် တိုင်းပြည်၏ဒေသကြီး များကို ထိန်းချုပ်နိုင်မှုတို့မှာ တိုး၍ သာ လုပ်ဆောင်လျက်ရှိကြသည်။ အာဆတ်သည် အဆိုပါ ဗလီ တွင် ၁၁ မိနစ်သာကြာခဲ့ကြောင်း၊ ယခင်ကသူကျင့်သုံးခဲ့သည့်အတိုင်း အခြားဝတ်ပြုဆုတောင်းသူများနှင့် စကားပြောဆိုရန် အချိန်ဆိုင်းနေခြင်းမရှိကြောင်း ဒူဘိုင်းအခြေစိုက် အယ်လ်အာရေးဘီးယားရုပ်သံက ထုတ်ဖော်ပြောဆိုခဲ့သည်။ ဗလီနှင့် အနီးဝန်းကျင်တွင် လုံခြုံရေးများကို လည်း တိုးမြှင့်ချထားခဲ့ကြောင်း အဆိုပါသတင်းဌာနက ဆိုသည်။ အမှိုက်ပုံးများကို ဖယ်ရှားထား ကြောင်း၊ ဗုံးအနံ့ခံခွေးများကို လည်း ဗလီတွင်း ခေါ်ယူလာကြ ကြောင်း ထိပ်တန်းသမ္မတ အစောင့် တပ်ဖွဲ့များနှင့် လက်ဖြောင့်စစ်သား များကိုလည်း နေရာချထားကြောင်း ဖော်ပြခဲ့သည်။
Eid al-Fitr ဆိုင်ရာ ပထမနေ့ တွင် နံနက်ခင်းဝတ်ပြုဆုတောင်း ပွဲများ ကျင်းပခဲ့ပြီးနောက်တွင် ဆီး ရီးယားနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ မြို့ငယ်များမှ ဆန္ဒပြကန့်ကွက်သူ များသည် တနင်္ဂနွေနေ့တွင် အြွုံက ပေါက်ကွဲခဲ့သည်ဟု ဆီးရီးယား နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့ကFacebook တွင် ထုတ်ဖော်ရေးသားခဲ့သည်။ ဒါရာ မြို့တွင် ၅၁ ဦးနှင့် ဒမတ်စကတ် မြို့နှင့် ဆင်ခြေဖုံးများတွင် ၄၇ ဦး အပါအဝင် လူပေါင်း ၁၆၀ ကိုတနင်္ဂနွေနေ့တွင် ဆီးရီးယားအစိုးရ တပ်ဖွဲ့များကသတ်ဖြတ်ခဲ့ကြောင်း၊ အတိုက်အခံပြည်တွင်း ညှိနှိုင်း ဆောင်ရွက်ရေးကော်မတီများက အီးမေးလ်ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ဆီးရီးယားသမ္မတ အာဆတ် ဗလီတွင် ဝတ်ပြုဆုတောင်းစဉ်၌ ဒုတိယသမ္မတဖာရုခ်အယ်လ်ရှာရာ (Faruq al-Shara) မပါဝင်ခဲ့ဟုဆို သည်။
ဒုတိယ သမ္မတသည် တိုင်း ပြည်မှထွက်သွားကာ ဘက်ပြောင်း သွားပြီဆိုသည့်သတင်းကိုအယ်လ် -ရှာရာ၏ ရုံးကငြင်းဆိုခဲ့ကြောင်း ဩဂုတ်လ ၁၈ ရက်နေ့တွင် နိုင်ငံ ပိုင်ရုပ်သံကဆိုသည်။ သို့ရာတွင် ရှာရာသည် အိမ်နီးချင်း ဂျော်ဒန် နိုင်ငံသို့ထွက်ခွာသွားပြီဖြစ်ကြောင်း အယ်လ်အာရေးဘီးယားရုပ်သံက ထုတ်ဖော်ပြောဆိုခဲ့သည်။ ဆီးရီးယားအရေးနှင့် ပတ် သက်၍လုံခြုံရေးကောင်စီက အရေး ယူမှုများကို ရုရှားနှင့် တရုတ်နိုင်ငံ တို့က ပိတ်ဆို့လျက်ရှိသည်ဟုသိရ သည်။
No comments:
Post a Comment