ဆီးရီးယားနိုင်ငံတွင် အရှိန်မြင့်တက် လာသော ပဋိပက္ခမှုကြောင့် ဆီးရီးယား နိုင်ငံရှိ မလေးရှားသံရုံးအား ယာယီပိတ်ပြစ်ရန် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဌာနက အမိန့်ထုတ်ပြီးဖြစ်ကြောင်း မလေးရှား နိုင်ငံ ခြားရေးဝန်ကြီး ဒါတုဆရီအနီဖာအာမန်း (Datuk Seri Anifah Aman) က ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့ရာတွင် ဒမတ်စကတ်မြို့ရှိ မလေးရှားသံရုံးကို လုံးဝပိတ်ပြစ် ဦးမည်မဟုတ်ကြောင်း၊ အကြောင်းမှာ ဆီးရီးယားနိုင်ငံတွင် အမိမြေ ပြန်လာရန် ငြင်းဆန်နေသေးသည့် မလေးရှားကျောင်းသား ရှစ်ဦးရှိနေ သေး၍ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။
မလေးရှားကျောင်းသား ၁၃၀ မှာ သံရုံးတွင် မှတ်ပုံတင်ထားပြီး ဖြစ်ကြောင်း၊ ၄င်းတို့ အနက်ကျောင်းသား ၁၀၇ ယောက်အား အစိုးရ က ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးပြီဖြစ်ပြီးကြောင်း အဆိုပါဝန်ကြီးက ဆိုသည်။
“အခုလောလောဆယ်တော့ သံရုံးကို ကျွန်တော်တို့ မပိတ်ပြစ် နိုင်သေးပါဘူး၊ မလေးရှားလူမျိုးတွေအတွက်စီမံပေးဖို့ အရာရှိတွေ ရှိနေသေးတာကြောင့်ပါ”ဟု ဆရီပါဒါနာရှိ ဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံ သည့် ဝန်ကြီးချုပ်ရုံးတွင် သတင်းထောက်များကို နိုင်ငံခြားရေးဝန်ကြီး က ထုတ်ဖော်ပြောဆိုခဲ့သည်။
No comments:
Post a Comment