ဇူလိုင်(၁၇) ရက်နေ့ ည(၁၀)နာရီခွဲ အချိန်လောက်မှာ မိတ်ဆွေ စာရေး ဆရာ တစ်ဦး
ယာဉ်တိုက် မှုဖြစ်ပြီး ဆေးရုံရောက်နေတယ်လို့ သတင်းလာပေးတာကြောင့် ချက်ချင်း ပဲဆေးရုံကို အပြေးသွား ခဲ့ပါတယ်။ ဆေးရုံကိုရောက်တော့ နံရိုးကျိုးပြီး အဆုတ်ကို ထောက်သွား တာကြောင့် အဆုတ်ထဲကိုရောက်နေတဲ့ရေနဲ့သွေးတွေကို ဖောက် ထုတ်ရမယ်။ ခေါင်းမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ် လို့သိလိုက်ရပါတယ်။
ဆိုင်ကယ်ချင်းတိုက်တာလို့သိရတာကြောင့် တစ်ဖက်ဆိုင်ကယ် သမားရဲ့အခြေအနေကိုသွားကြည့်တော့ နားထဲကသွေးတွေထွက် နေပြီး ဒဏ်ရာဒဏ်ချက်တစ်ချို့နဲ့ အန်နေတာကိုတွေ့ရတယ်။ နာမည် ကိုပဲပြောနိုင်ပြီး ဘာကိုမှမေးမရဘူး။ တစ်ချက်တစ်ချက်အန်နေတယ်။ ဆရာဝန်အမြင်နဲ့တော့မပြောတတ်ဘူး။ သာမာန်လူအမြင်မှာတော့ နားထဲကလည်းသွေးထွက်၊ အန်လည်းအန်တယ်ဆိုတော့ အခြေ အနေမကောင်းဘူးပေါ့။ မိတ်ဆွေစာရေးဆရာမှာ ဒဏ်ရာပြင်းတယ်ဆိုပေမယ့် ဓာတ်မှန် ရိုက်ခနဲ့ ဆေးဖိုးဝါးခတွေထုတ်ပေးမယ့်သူရှိတာကြောင့် လိုအပ်တဲ့ ဆေးကုသမှုခံယူရပါတယ်။ ဟိုတစ်ဖက်လူမှာတော့ လူနာကုတင် ပေါ်မှာ တငြီးငြီးတငြူငြူနဲ့ ပြုစုကုသမယ့်သူမဲ့နေရှာတယ်။ အတူရောက်နေတဲ့ မိတ်ဆွေစာရေးဆရာသတင်းထောက်က လည်း "မတော်ပါဘူးဗျာ၊ လူနာရှင်မရှိတာနဲ့ ပစ်ထားကြတယ်။ အတော်သံဝေဂရစရာကောင်းတာပဲ"တဲ့။
စာရေးသူလည်း မနေသာ တော့ဘဲ ဆရာဝန်တွေနားနေခန်းဆီသွားပြီးအဲဒီလူနာကိုဆေးကုသမှု မပေးဘူးလားလို့မေးပါတယ်။ ဆရာဝန်မလို့ယူဆရသူ(အဲဒီထဲမှာရှိတဲ့ နာ့စ်တွေကလွဲရင် ဘယ် သူမှဆရာဝန်ဂျူတီကုတ်ဝတ်မထားလို့ပါ)က " လူနာရှင်မရှိဘူးလေ" တဲ့။ အဲဒီတော့ "လူနာရှင်မရှိတာနဲ့အခုလိုပစ်ထားတော့မှာလားဗျာ" လို့ပြောတော့ အဲဒီဆရာဝန်မကဘယ်လိုပြန်ပြောသလဲဆိုတော့ "ပိုက်ဆံဘယ်သူရှင်းမလဲ"တဲ့။ "ဪသာ် ပိုက်ဆံရှင်းမယ့်သူမရှိလို့ ကုမပေးနိုင်ဘူးပေါ့။ ဟုတ်ပါ ပြီ။ အဲဒီစကားကို Record လုပ်ထားပါ့မယ်။ ကျွန်တော်စာနယ်ဇင်း ကပါ"လို့ပြောပြီး ပြန်ထွက်ခဲ့ပါတယ်။ ခဏလေးနေတော့ "အခုန လေးက စာနယ်ဇင်းဆိုတဲ့သူခဏလာပါဦး"ဆိုပြီး ခေါ်တာကြောင့် ပြန်ဝင်သွားတော့ ဆရာဝန်လို့ယူဆရသူ(ဂျူတီကုတ်ဝတ်မထားသော ကြောင့်)က "ခင်ဗျား အခုနက စာနယ်ဇင်းကလို့ပြောတယ်။ ဘယ် စာနယ်ဇင်းလဲ၊ ခင်ဗျားကို ဝတ္တရားနှောက်ယှက်မှုနဲ့ အရေးယူလို့ရ တယ်"လို့ပြောပါလေရော။ ဒီတော့ "စာနယ်ဇင်းကလို့ပြောရတာ ဆရာကြားတဲ့အတိုင်း ဘယ်သူပိုက်ဆံရှင်းမှာလဲ"ဆိုတဲ့စကားကြောင့် အဲဒီစကားကို Record လုပ်ရမှာမလို့ စာနယ်ဇင်းကဆိုတာ အသိပေးတာပဲလေ"လို့ ဆိုတော့ " အဲဒီစကားမှားသွားတဲ့အတွက် တောင်းပန်ပါတယ်"ဆိုပြီး လူနာကို ပစ်ထားတာမဟုတ်ကြောင်း ရှေ့က သူ့ထက်အရေးကြီးတဲ့သူတွေကို ဦးစားပေးလုပ်နေရတာဖြစ်ကြောင်း ရွှေပြည်အေး တရားဟောပါ တော့တယ်။ ဖြစ်တာက ယာဉ်တိုက်မှု ၊ လိုအပ်တဲ့ ဆေးကုသမှုကို အလျင်မီ အောင်မရရှိတဲ့ အတွက် မဖြစ်သင့်ဘဲ တိမ်းပါးသွားခဲ့ ရင် ကိုယ့်လူမှာ အမှုပိုကြီးသွားနိုင်တာကြောင့်ရယ်၊ လူသားချင်း စာနာတဲ့ စိတ်ရယ် ကြောင့် သွားပြောမိခဲ့တာပါ။ ဝတ္တရားနှောင့်ယှက်မှု ဆိုတာဘာလဲ။
ဆောင်ရွက်ရမယ့် ဝတ္တရား ရှိတာကို ဆောင်ရွက်ခြင်း မရှိလို့ သွားပြောမိတာလေ။ မဆောင်ရွက် တဲ့ ဝတ္တရားနှောင့်ယှက်နိုင်မှာတဲ့လဲ ဆရာဝန်လေးရယ် လို့ပြန်ပြောချင်လိုက်တာ။ လျှာကိုယားနေတာပဲ။ ကိုယ့်လူနာ အတွက်အနှောင့်အယှက်ဖြစ်မှာစိုးလို့အသာလေးပဲပြန်ထွက်လာခဲ့ရတယ်။ ဒီဆရာဝန်လေးတွေ(ဟောက်ဆာဂျင်)ပဲ ရှိတာမဟုတ်လား။ ဘယ်ဆရာဝန်ကြီးတွေမှ လာတာမတွေ့ရဘူးလေ။ သူတို့ငြိုငြင်သွား လို့မဖြစ်တာကြောင့် ပေရှည်မနေတော့ပါဘူး။ ဒါတောင်မိတ်ဆွေ လူနာကိုကူညီနေသူတစ်ဦးက "အဲလိုသွားပြောလိုက်လို့ထင်တယ်။ ခင်ဗျားလည်းထွက်သွားရော ဒီလူနာ(မိတ်ဆွေ)ကို နေပြည်တော်ပို့ရ လိမ့်မယ်လို့ပြောနေပြီ"တဲ့။ "မပူပါနဲ့။ သူတို့က အလုပ်သင်ဆရာဝန်လေးတွေပါ။ ဒီလိုကိစ္စ သူတို့ဆုံးဖြတ်ချက်နဲ့လုပ်ရမှာမဟုတ်ပါဘူး။ ဆရာဝန်ကြီးတွေရှိပါ သေးတယ်"လို့ပြန်ပြောရတယ်။
ဆေးရုံတွေအကြောင်းရေးကြတာ လည်းများနေလို့ အားနာစရာတောင်ကောင်းနေပါပြီ။ ဒီဖြစ်စဉ်ကို သုံးသပ်ကြည့်ရင် ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ဖြစ်နေလိမ့်မယ် ထင်တယ်။ ခုလိုဖြစ်စဉ်မျိုး ဆေးရုံမှာ မကြာခဏကြုံတွေ့ရမှာပါ။ ယာယီ အားဖြင့် လူနာရှင်မပေါ်သေးတဲ့အခါ ကျသင့်မယ့်ဆေးကုသစရိတ် တွေကို ဆရာဝန်လေးတွေအနေနဲ့ဘယ်စိုက်ထုတ်နိုင်လိမ့်မလဲ။ ဒါကို ဆေးရုံက ဘယ်လိုအစှီအစဉ်မှချမှတ်မထားဘူးလား။ ဒီလိုပဲ ပိုက်ဆံ ရှင်းမယ့်သူမရှိရင် ပစ်ထားကြတော့မှာပဲလားဆိုတဲ့မေးခွန်းတွေက စာရေးသူရဲ့ဦးနှောက်ကိုအလုပ်ပေးနေပါတော့တယ်။
(စာမူပါအချက်အလက်များနှင့်ပတ်သက်၍တာဝန်ယူပါသည်)
No comments:
Post a Comment