တစ်ခါက လူတစ်ယောက် သည် သူ့လည်ပင်းတွင် ငါးအရိုး တစ်ချောင်း စူးနေကြောင်း တံတွေး မျိုလျှင် အစာမျိုလျှင် မျက်သွား လေ့ရှိပြီး အခန့်မသင့်လျှင် အစာ မမျိုဘဲ လည်း အရိုးကထောက် နေသလိုခံစားနေရကြောင်း စာ ရေးသူထံလာရောက်ပြသပါသည်။ စာရေးသူက နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်ထံ့် ရသေးဘူးလားဟုမေးရာ သူက မပြချင်ဟုပြောသည်။ သူမပြချင် ရခြင်းအကြောင်းမှာ သူ့မိတ်ဆွေ တစ်ဦး လည်ချောင်းနာသဖြင့် ဆေးရုံးပြရာ မှန်ပြောင်းကြည့်ပြီး အကျိတ်ငယ်တစ်ခုတွေ့သည်။ အသားစယူပြီးဓာတ်ခွဲစစ်ကြည့် ရာကင်ဆာဆဲလ်တွေ့သဖြင့်ယခု ဓာတ်ကင်နေရသည်။
ထို့ကြောင့် သူကကြောက်ပြီး မပြရဲကြောင်း ပြောပါသည်။ ကင်ဆာဆိုလျှင် ဓာတ်ကင် သောလူနာ ကင်ဆာဆေးသွင်း ရသဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ် သောလူနာများကိုတွေ့လျှင် ပို၍ ကြောက်ကြပါသည်။ စောစော သိ၍ကုသလျှင် ပျောက်သည် ဟုဆိုသော်လည်း များသော အားဖြင့် သိသည့်အချိန်တွင် နောက်ကျနေပြီဖြစ်လေ့ရှိသည်။ သာမန်လူ မဆိုထားနှင့်၊ ကမ္ဘာကျော်ကြီးများ၊ ရုပ်ရှင်မင်း သားကြီးများ၊ သန်ြးွကယ်သူဋ္ဌေး ကြီးများပင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ကြသူအများအပြားရှိ သည်။ လွန်ခဲ့သောလပိုင်းကပင် ကမ္ဘာကျော် Apple ကုမ္ပဏီ သူဋ္ဌေးကြီး အိုင်ပေါ့တီထွင်သူ Apple မှာ အသက် ၅၀ကျော်အရွယ်တွင် ကင်ဆာ ရောဂါနှင့်ကွယ်လွန်သွားသည်။ ထိပ်တန်းရောက်နေစဉ်ကွယ်လွန် သွားသဖြင့် တစ်ကမ္ဘာလုံးထိတ် လန့်သွားကြသည်။ စာရေးသူသည် လည်ချောင်း ကို အရိုးစူးနေသည်ဆိုသော ထို မိတ်ဆွေကို ဘာမှ ရောဂါအ ကြောင်းထွေထွေထူးထူးမပြော တော့ဘဲ အရိုးကျစေသောနည်း လမ်းပေးလိုက်ပါသည်။ ဤနည်း ဖြင့်မကျမှသာ ဆရာဝန်ထံပြဖို့ လိုကြောင်းပြောလိုက်ပါသည်။ စာရေးသူပေးလိုက်သော အရိုးကျစေသောနည်းမှာ သိပ် မမှည့်သေးသော မာဆတ်ဆတ် ငှက်ပျောသီး ၃လုံးဝယ်ကာ တစ် လုံးလျှင် ၃ပိုင်းပိုင်းပြီး ဝါးမစား ဘဲမျိုချရန်ဖြစ်ပါသည်။ ဤနည်း အတိုင်း ၂ရက် ၃ရက်လုပ်လျှင် ငါးအရိုးကျသွားနိုင်ကြောင်းပြော လိုက်ပါသည်။ ထိုနည်းပေးလိုက်ပြီး ၃ရက် မြောက်နေ့တွင် ထိုသူ စာရေး သူထံသို့ပြန်ရောက်လာပါသည်။ မျက်နှာမှာလည်း ယခင်လာ တုန်းကနှင့်မတူ၊ ကြည်လင်ရွှင် ပြနေပါသည်။ သူက "ငါးအရိုး ကျသွားပြီ"ဟုပြောပါသည်။
သူ့အိမ်ဘေးမှ မိတ်ဆွေ တစ်ဦးလည်ချောင်းနာရာကစပြီး ကင်ဆာဖြစ်သွားရသည်ကို စိတ် ကကြောက်ပြီး တောင်တွေး၊ မြောက်တွေးရာမှ သူကိုယ်တိုင် လည်ချောင်းနာလာရခြင်းဖြစ်သည်။ သို့သော် ခင်ဗျားစိတ်ကဖြစ် နေတာပါ ငါးအရိုးစူးတာမဖြစ် နိုင်ပါဘူးဟုဆိုလျှင် သူကျေနပ် နိုင်မည်မဟုတ်ပါ။ သူ့စိတ်ထဲမှာ တကယ်မျက်နေ၍သာ ခံစား၍ ပြောခြင်းဖြစ်သည်ကို စာရေးသူ သတိပြုမိပါသည်။ ထို့ကြောင့်ပင် ငါးအရိုးကို ကျစေနိုင်သော နည်းလမ်းဆေး နည်းရှိပါတယ်။ မပူပါနှင့်ဆိုကာ သူ့စိတ်ကိုပြောင်းစေရန်အတွက် ငှက်ပျောသီးမျိုချခိုင်းလိုက်ခြင်း ဖြစ်ပါသည်။ ဤသည်ကပင် သူ့ ဝေဒနာအတွက် ကုရန်ဆေးနည်း ရှိသားပဲဟု သူ့စိတ်ကကျေနပ် သွားစေနိုင်ပါသည်။ အမှန်တော့ စာရေးသူတို့ ငယ်စဉ်က မိသားစုထမင်းဝိုင်း တွင် ငါးသလဲထိုး၊ ငါးလူး၊ ငါးလဲ၊ ငါးသန်ချိတ်၊ ငါးသလောက်အစ ရှိသော အရိုးများသောငါးကို နေ့ စဉ်စားကြပါသည်။ ကလေးဘဝ ကပင် အဖေ၊ အမေတို့က အရိုး သန်မာအောင်ဆိုကာ ငါးလေး များကိုအရိုးပါဝါးစားခိုင်းပါသည်။ "အရိုးပါဝါးစား ဒါမှ အရိုး တွေသန်သန်မာမာရှိမယ်၊ အရိုး စူးရင်လည်း မကြောက်နဲ့၊ ထမင်း လုပ်ကြီးကြီးမျိုချ ကျသွားလိမ့် မယ်"ဟု အမေကပြောဖူးပါသည်။
အစားလောဘကြီးပြီး သေ သေချာချာ ဝါးမစားသည့်အခါ တွင် ငါးအရိုးက လည်ချောင်း ထဲပါသွားပြီး လျှာခင်ဘေးတွင် ကပ်နေလျှင် အထုပ်ရခက်ပါသည်။ ထိုအခါတွင် အမေက ထမင်းကို လက်နှင့်ဆုပ်ပြီး ဝါး မစားဘဲမျိုချခိုင်းပါသည်။ တစ်ခါ တရံတွင် ငှက်ပျောသီးဖီးကြမ်း သို့မဟုတ် ရခိုင်ငှက်ပျောသီး မ မှည့်တမှည့် မာဆတ်ဆတ်ကို မျိုချခိုင်းပါသည်။ ဤနည်းဖြင့် ပင် အရိုးအောက်ကျသွားသဖြင့် နောင်တော့အရိုးစူးမည်ကို မ ကြောက်တော့ပါ။ ငါးသလောက်အရိုးတွင် ပ ပုံသ$ဏ္ဍာန်အရိုးများပါသဖြင့် လည်ချောင်းတွင်ကပ်နေလျှင် အထုတ်ရခက်သည်။ သို့သော် ထမင်းဆုပ်ကိုမျိုချလျှင် ကျသွား သည်ကများသည်။ ငါးသလောက် အရိုးကြောက်သဖြင့် ပေါင်းစား ကြသည်ကများသည်။ ပေါင်း စားခြင်းသည်။ ရိုးရိုးချက်စားခြင်း လောက်မကောင်း၊ အရသာရော အာဟာရပါ အရိုးနူးအောင်ပေါင်း သဖြင့် ပျက်သွားတတ်သည်။ အခြားစိတ်ကြောင့်ရောဂါ ရသူတစ်ဦးကိုလည်းတွေ့ဖူးပါ သေးသည်။ ထိုသူ၏အစ်မတော် သူတစ်ဦးမှာ ရုတ်တရက်ဗိုက် အောင့်ပြီး ဆေးရုံရောက်သော အခါ အူအတက်ပေါက်ကြောင်း တွေ့ရသဖြင့် အရေးပေါ်ခွဲစိတ်မှု ခံယူလိုက်ရပါသည်။ ထို့နောက် မကြာမီမှာပင် သူ့မှာဗိုက်နာသောဝေဒနာရလာ သည်။ ရင်ညွှန့်မှ ချက်တိုင်တစ် ဝိုက် ဗိုက်ရစ်နာသည်ဟု မကြာ ခဏပြောပြီး သူလည်းအူအ တက်ပေါက်တော့မည်ထင်ကြောင်း ပြောပါသည်။
နာမည်စိုး၍ အစာ မစားရဲဖြစ်နေသည်။ အမှန်တော့ အူအတက်မှာ ခန္ဓာကိုယ်ညာခြမ်းပေါင်ထိပ်အနီး တွင်ရှိသည်။ ဆရာဝန်တစ်ဦးမှ သူ့ကိုဝမ်းစစ်ပြီးနောက် သံချဆေး ပေးလိုက်ရာ သံများကျလာပြီး နောက်တွင်မှ သူ့ဗိုက်ရစ်နာတာ ပျောက်သွားသည်။ သူ့ဝေဒနာမှာ စိတ်ကြောင့် ဖြစ်သည်။ အစ်မဖြစ်သူ အူအ တက်ပေါက်သည်ကိုမြင်သည်နှင့် တိုက်တိုက်ဆိုင်ဆိုင် သူ့တွင်သံရှိ ၍ဗိုက်နာခြင်း ရောထွေးသွားခြင်း ဖြစ်သည်။ သူသည် အချဉ်ပေါင်း အထုပ်များ၊ ဝက်သားတုတ်ထိုး များအလွန်ကြိုက်သဖြင့် သံဥ များပါလာပြီး သံကောင်ရောဂါ စွဲကပ်၍ ဗိုက်နာခြင်းဖြစ်သည်။ တစ်ခါက စာရေးသူ၏ ဇာတိမြို့လေးဖြစ်သော ဥက္ကံမြို့ တွင် အလှူကြီးတစ်ခုလုပ်သည်။ ထိုအလှူတွင် ရန်ကုန်မြို့မှ နာ မည်ကြီးဒံပေါက်တစ်မျိုးကို အော် ဒါမှာပြီးကျွေးသည်။ အလှူရှင်မှ စေတနာနှင့်တကူးတက မိုင် ၆၀ ခန့်ဝေးသော ရန်ကုန်ဒံပေါက်ကို ကားနှင့်သယ်ယူလာပြီး ကျွေး သောအလှူကြီးဖြစ်သည်။ ကားနှင့်သယ်ယူလာသော ဒံပေါက်ကို ဒန်အိုးကြီးများဖြင့်ဖုံး အုပ်ယူလာခြင်း၊ ခရီးဝေး၍အချိန် ကြာခြင်း၊ နေပူပြင်းချိန်ဖြစ်ခြင်း တို့ကြောင့် အနည်းငယ်အချဉ်နံ့ သိုးနံ့ထွက်နေသည်ဟု တစ်စုံ တစ်ယောက်က ပြောသည်။ အလှူပြီးချိန် စားပြီးမှပြောခြင်း ဖြစ်သည်။ ထိုသို့ပြောပြီး မကြာမီမှာ ပင် တစ်ဦးကစပြီးဗိုက်နာသည်။ နောက်ထပ် ဗိုက်နာသူတွေပေါ် လာသည်။ အော့အန်သူတွေပါ တိုးလာသည်။ တစ်ဦးမှာအန် လည်းအန် ဝမ်းလည်းသွားသ ဖြင့် ကားငှားပြီးဆေးရုံပို့လိုက်ရ သည်။ တစ်ဦးက ဆေးရုံပို့လိုက် ရသည့် သတင်းကြားသည်နှင့် ဒံပေါက်စားမိသူတွေ တစ်ဦးတစ် ဦးဆေးရုံရောက်လာတော့သည်။ ဆေးရုံရောက်ပြီး သေချာစွာ စောင့်ကြည့်သောအခါတွင်လည်း ဘာမှဆက်ပြီးမဖြစ်တော့။ စောင့် ကြည့်ရင်း ပြန်ကောင်းလာကြ သည်။ သို့သော် ဒံပေါက်စားပြီး ဆေးရုံရောက်သူမှာ လူ၂၀ကျော် သွားသဖြင့် အလှူရှင်မှာ မျက်နှာ မရ၊ များစွာစိတ်မကောင်းဖြစ်နေ လေသည်။ တစ်ခါတရံအကြောက်လွန် ၍ ရောဂါရတတ်သည်။
သာမန် ဖြစ်သည်ကို ပုံကြီးချဲ့ တွေး သောအခါ ရောဂါကြီးလာခြင်း ဖြစ်သည်။ အရိုးစူးသည်ကိုပင် ကင်ဆာထင်သည်။ အကြောင်း ကြောင်းကြောင့်ဗိုက်နာသည်ကို အူအတက်ပေါက်သည်ထင်သည်။ အစာအတူတူ စားမိသူ တစ်ဦး အော့အန်လျှင်မိမိကပါလိုက်အန် ချင်သည့်စိတ် ဖြစ်လာသည်။ ဤဖြစ်ရပ်များမှာ စိတ်၏ ဆန်း ကြယ်သောဖြစ်ရပ်များဖြစ်သည်။ တစ်ခါက ဆေးဆရာကြီး တစ်ဦး၏ဆေးခန်းတွင်]လောက တွင် မသေတဲ့လူမရှိ}ဟု ရေး သားထားသည်ဟု ဆိုသည်။ ဆေးကုလာသူမရှိတော့ဘဲ တ ဖြည်းဖြည်းလူနာနည်းသွားသည်။ အခြားလူနာများသောဆေးခန်း မှ ဆရာကြီးတစ်ဦးမှာ "သေမင်း ကိုအံမတုနိုင်သော်လည်း သေ ချိန်ကိုရွှေ့ဆိုင်းထားနိုင်ရမည်"ဟု ရေးသားထားသဖြင့် သေမည့် ရောဂါရနေသည့်လူနာများပင် အားတက်လာသည်ဟုဆိုသည်။ အခြားအောင်မြင်သောဆရာကြီး တစ်ဦးဆေးခန်းတွင်ရေးသားထား သောဆောင်ပုဒ်မှာ "သင်ရောဂါ ပျောက်ရမည်။စိတ်ရှည်ရှည်ထား ၍ ကုသမှုခံယူပါ"ဟု ရေးသား ထားကြောင်းသိရသည်။ ဆေးဆရာများအတွက် ရောဂါကုသခြင်းသည် တိုက်ပွဲ ဝင်ခြင်းပင်ဖြစ်သည်။ တိုက်ပွဲ အနိုင်တိုက်ရန် စိတ်ဓာတ်ခွန်အား လိုသည်။ မိမိကုသမှုခံယူမည့် လူနာအတွက်စိတ်ဓာတ်စစ်ဆင် ရေးမှာအဓိကကျသောအချက် ဖြစ်သည်ကိုအထူးသတိပြုမိဖို့ လိုသည်။ တစ်ခါတစ်ရံ လူနာ ကြောက်အောင် ရောဂါကို ပုံကြီး ချဲ့မပြောဖို့လိုသည်။တစ်ခါ တရံ လုံးဝလျှို့ဝှက်ထားဖို့လိုပါသည်။
"မမှားသောရှေ့နေ၊ မသေ သောဆေးသမားမရှိ"ဟုဆိုသော် လည်း မှား၍မဖြစ်ပါ။ ရှေ့နေ ရော၊ ဆေးဆရာပါ မမှားအောင် ဂရုစိုက်ကြဖို့အထူးလိုအပ်ပါသည်။ ဘုရားရှင်၏ဒေသနာကိုအမှီ ပြု၍ဖြစ်ပေါ်လာသော ဒေသနာ နယဆေးပညာတွင် ရောဂါဖြစ် ခြင်းအကြောင်း(ရောဂါရောက် ကြောင်း)ကို အောက်ပါအတိုင်း ပြဆိုထားသည်။
(၁) ကံ
(၂) စိတ်
(၃) ဥတု
(၄) အာဟာရတို့ကြောင့် ဆိုသည်။
ကံကြောင့်ဖြစ်သည်ဆို သည်မှာ ရှေးဘဝကံ၊ ယခုဘဝ ပြုလုပ်သောအပြုအမူ ကံ(၂)မျိုး ကြောင့်ရောဂါဖြစ်သည်ဟုဆို၏။ ဒုတိယအချက်မှာ စိတ် ကြောင့်ဟု အတိအလင်းပြဆို ထားသည်။ စိတ်ကြောင့် ရောဂါ ဖြစ်သည်ဟုဘုရားလက်ထက်က ပင်သိရှိခဲ့ကြလေသည်။ ဥတုနှင့် အာဟာရတို့မှာ သဘာဝကြောင့်ရော၊ လူတို့ ကြောင့်ပါ ပြောင်းလဲဖောက်ပြန် နိုင်သောအကြောင်းအရာဖြစ်သည်။ အဓိကအကြံပြုလိုသည်မှာ ရောဂါမရောက်မီ စိတ်ကရောက် နှင့်ပြီး ရောဂါကပိုကြီးလာခြင်း မဖြစ်စေရန် သတိပြုဖို့အတွက်
(၁) ရောဂါမှန်သမျှစိတ်ပူပန်မှု မှစသည်။
(၂) အကြောင်းအရင်းကိုမသိ ဘဲ ရောဂါဖြစ်ပြီဟု ကြိုမတွေး ပါနှင့်။
(၃) သူများဖြစ်သောရောဂါမျိုး မိမိတွင်ဖြစ်နေပြီဟု တွေးထင်နေ ခြင်းမရှိပါစေနှင့်။
(၄) မရှိသောရောဂါကို စိတ် ကူးယဉ်ပြီး တွေးကြောက်မနေ သင့်ပါ။
(၅) စိတ်ကြောင့်ရောဂါရနိုင် သလို စိတ်ဓာတ်ခွန်အားကြောင့် လည်း ရောဂါပျောက်နိုင်သည် ကို သတိပြုပါ။
No comments:
Post a Comment