မိမိတွင် လုံလောက်သော ပညာ အရည်အချင်း ပြည့်ဝ သော်လည်း နိုင်ငံခြား သို့
သွားရောက်ပညာ ဆည်းပူးရန် အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲ ရှိသည့် ကျောင်းသား၊ ကျောင်းသူမျာ အတွက် နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လက်မှတ်၊ အသိအမှတ်ပြု လက်မှတ်များ ရရှိပြီး နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများတွင် အလုပ်အကိုင် နေရာကောင်းများ ရရှိနိုင်စေရန် ရည်ရွယ်၍ Informatics Global Campus နှင့်FURTURE Link Group တို့မှ ပူးပေါင်း အကောင် အထည်ဖော်သည့် နိုင်ငံတကာမှ ဆရာ၊ ဆရာမများမှ အွန်လိုင်းမှ တစ်ဆင့် သင်ကြားမှု Library Service များ၊ သင်ရိုးစာအုပ် စာတမ်းများ ကိုဖြင့် သင်ကြားမှုများ ပြုလုပ်မည့် Online Learning (E-Learning) နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့သင်တန်း၊ ဘွဲ့လွန်သင်တန်း၊ MBA သင်တန်းများနှင့် Certification သင်တန်းများအား ယခုလအတွင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ် ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းများသို့ တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအား Univisity Of Protsmouth မှ တိုက်ရိုက်Registration ပြုလုပ်မည်ဖြစ်ပြီး Informatics Global Campus မှ သင်ကြားမှုအထောက်အကူပြုLearning Management System ကို ပံ့ပိုးမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် သင်တန်းတက်ရောက်သင်ကြားသူ ကျောင်းသား၊ ကျောင်းသူများသည် လိုအပ်သည့် သင်ရိုးများ ကို အချိန်မရွေးရယူနိုင်ပြီး အတန်းများကို အွန်လိုင်းမှ တက်ရောက်နိုင်သည့်အပြင် မိမိတို့တက်ရောက် သင်ကြားသည့် အတန်းတိုင်းအတွက် Recorded Session များထားရှိပေးသည့်အတွက် အချိန်မရွေး ပြန်လှန်လေ့ကျင့်ခန်းRevision ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကျောင်းသားအချိန်မရွေး ဆက်သွယ်နိုင်ရန်အတွက် ၂၄ နာရီဝန်ဆောင်မှုကို ဖုန်း(သို့မဟုတ်)အီးမေးလ်ဖြင့် ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။ ထိုသို့E-Learning စနစ်ဖြင့် သင်ကြားပို့ချသော ဘာသာရပ်များ၊ စစ်ဆေးသော စာမေးပွဲများနှင့် Assignment များသည် စင်ကာပူ နိုင်ငံတွင် အချိန်ပြည့်တက်ရောက်သော ကျောင်းသားများနှင့် တူညီ မည်ဖြစ်ပြီး ရရှိသည့် Degree/Certificate များမှာလည်း အတူတူပင်ဖြစ်ကြောင်း သိရှိရသည်။
၎င်းသင် တန်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသူများအနေဖြင့် ဖုန်း ဝ၉-၅၀၂၆၀ဝ၅ နှင့် ဝ၇၁-၂၂၅၈၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment