Monday, 20 August 2012

ပိုမို ကျန်းမာရလေအောင်


ဆာလောင်မှုကို ထိန်းချုပ်နိုင်အောင် ဘလူးဘယ်ရီသီး စားပါ
အစာကြီး တစ်နပ်ကို မစားခင်မှာ ဘလူးဘယ်ရီသီး အနည်းငယ် စားလိုက်ပါ။  အဲဒီအသီးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေဟာ သင်ဗိုက်ပြည့်နေ ချိန်မှာ ဦးနှောက်ကို အသိပေးနိုင်တာကြောင့် အစာလွန်ကဲမှု မဖြစ်နိုင်ဘူးလို့ နယူးဇီလန်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ဒီလိုစားသုံးတာကြောင့် ကယ်လိုရီရရှိမှု ၉ ရာခိုင်နှုန်းခန့် လျော့နည်းသွားပါတယ်။


ကျန်းမာရေနှင့် အညီညွတ်ဆုံးကော်ဖီ
ရောဂါကို တွန်းလှန်နိုင်တဲ့ ကော်ဖီတွင်းမှ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ကော်ဖီစေ့တွေမှာ အမှန်တကယ် ပါရှိနေတာ မဟုတ်ပါဘူး။ ကော်ဖီကို လှော်လိုက်စဉ်မှာ ထွက်ပေါ်လာတာပါ။ ကော်ဖီစေ့ကို လှော်ဖို့ အပူချိန်များများ သုံးရလေလေ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များများ ထွက်လာလေလေပါလို့ ဗြိတိန် ကိုလံဘီယာတက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
ပင်ပန်းနေပါသလား၊ လမ်းလျှောက်လိုက်ပါ
ဂျော်ဂျီယာတက္ကသိုလ်မှ သုတေသီတွေက လမ်းလျှောက်တာလိုမျိုး လေ့ကျင့်ခန်းတွေဟာ နှလုံးအတွင်းမှ သွေးတွေကို တွန်းထုတ်နိုင်တဲ့အတွက် မောပန်းတာကို ငြိမ်ငြိမ်နေတာ ထက်ပိုပြီး သက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ တစ်ကြိမ်ကို မိနစ် ၂၀ နှုန်းနဲ့ တစ်ပတ်သုံးကြိမ် လမ်းလျှောက် လေ့ကျင့်ခန်းလုပ်တာဟာ သင်ရဲ့ စွမ်းအင် သိသိသာသာ မြှင့်တင်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး

No comments:

Post a Comment