Monday, 20 August 2012

ဖိလစ်ပိုင်တွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် လူရှစ်သောင်းခန့် ဒုက္ခရောက်


နိုင်ငံအတွင်း၊ ရေလွှမ်းမိုးမှုနှင့် မြေပြိုမှု များကြောင့် သေဆုံးသူဦးရေ (၆၄) ဦးအထိ မြင့်တက်လာကြောင်း လူပေါင်း ရှစ်သောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားကြောင်း ဖိလစ်ပိုင် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အာဏာပိုင်များက ပြောကြားလိုက်သည်။


ဇူလိုင်လကုန်ပိုင်းက နိုင်ငံအတွင်းသို့ တိုက်ခိုက်လာသည့် တိုက်ဖွန်မုန်တိုင်းတစ်ခုကြောင့် လူဇုန်ကျွန်းသည် မုတ်သုံမိုး ရွာသွန်းမှုကို အကြီးအကျယ် ရင်ဆိုင်နေရသည်။ စစ်သားများနှင့် ရဲအရာရှိ (၅၅၀၀) ခန့်သည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းက မြို့တော် မနီလာတွင် မိုးရွာသွန်းမှု ရပ်တန့်သွားခဲ့ပြီး မြို့တော်၏ အရှေ့မြောက်ပိုင်းရှိ မာရီကီနာ မြစ်ရေမှာလည်း ကျဆင်းသွားကြောင်း သိရသည်။
သို့ရာတွင် ထိုဒေသရှိ အိမ်များ၊ ဈေးဆိုင်များမှာမူ ရေလွှမ်းမိုးနေဆဲ ဖြစ်သည်။ မိုးရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နိုင်သေးကြောင်းနှင့် ပြည်သူများ သတိ ဝီရိယဖြင့် နေထိုင်ကြရန် ဖိလစ်ပိုင် အစိုးရက ပြောကြားလိုက်သည်။

အင်တာနက်

No comments:

Post a Comment