ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမေရိကန် ပြည်ထောင်စု Wiscons ပြည်နယ် ဆစ်ခ် ဘုရားကျောင်း တစ်ခုတွင် ပစ်ခတ်မှုကြောင့် လူခြောက်ဦး သေဆုံး ခဲ့ရခြင်းနှင့် ပတ်သက်ပြီး အမေရိကန် ပြည်သူများ မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန် သမ္မတ အိုဘားမားက တိုက်တွန်း ပြောကြား လိုက်သည်။
"အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူမြင်ကွင်းနေရာမျိုးတွေမှာ ပစ်ခတ်မှုမျိုးစုံ ပုံမှန်ဖြစ်ပွားနေပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာကြည့်စေချင်ပါတယ်" ဟု အိုဘားမားက ပြောဆိုခဲ့သည်။
စစ်သားဟောင်းတစ်ဦးဖြစ်သည့် သေနတ်သမားသည် လူဖြူလူမျိုးကြီးဝါဒဆိုင်ရာ အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှုရှိ၊ မရှိ စုံစမ်းနေကြောင်း FBI မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး တစ်ဦးက ထုတ်ဖော်ပြောကြားသည်။
ပြီးခဲ့သည့်လကလည်း အမေရိကန်ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ်ရှိ ရုပ်ရှင်ရုံ တစ်ခုတွင် အထီးကျန် သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ (၁၂) ယောက် သေဆုံးခဲ့ရသည်။
No comments:
Post a Comment