Tuesday, 21 August 2012

ကာဇိုလာအား အာဆင်ဝင်းဂါး ချီးကျူး


အာဆင်နယ် အသင်း၏ နည်းပြဖြစ်သူ ၀င်းဂါးမှ အသင်းခေါ် ယူထားသော
ကာဇိုလာသည် အာဆင်နယ် အသင်း အတွက် အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်ပြီး ယခု အပြောင်းအရွှေ့၏ အကောင်းဆုံး ခေါ်ယူမှု ဖြစ်လာနိုင်သည်ဟု ချီးကျူးပြောဆို ခဲ့သည်။

 
ကာဇိုလာသည် သြဂုတ်လ အစောပိုင်းက အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့လာ ခဲ့သူဖြစ်ပြီး ဆန်းဒါးလန်း အသင်းနှင့် ဂိုးမရှိ သရေကျခဲ့သည့် ပွဲစဉ်တွင် ပထမဆုံး အကြိမ်အဖြစ် ပွဲထွက် ကစားခဲ့သူ ဖြစ်သည်။ ယင်းပွဲစဉ်၏ ရလာဒ်မှာ အာဆင်နယ် အသင်းအတွက် စိတ်ကျေနပ်စရာ မဖြစ်ခဲ့သော်လည်း ကာဇိုလာ၏ ခြေစွမ်းမှာ အကောင်းဆုံး ပုံစံတွင် ရှိနေခဲ့ခြင်းကြောင့် ၀င်းဂါးမှ ယခုလို ချီးကျူးခဲ့ခြင်းလည်း ဖြစ်သည်။ “သူကစားတာ အရမ်းကို ကောင်းပါတယ်၊ ကြည့်တာ သူဟာ တစ်ရာသီရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်၊ ပွဲစဉ်တစ်ခုဆီက ခင်ဗျားတို့ လိုချင်နေတဲ့ အရာတွေ အကုန်လုံး သူ့ဆီမှာ ရှိပါတယ်”ဟု ၀င်းဂါးမှ ချီးကျူး ပြောဆိုခဲ့သည်။


No comments:

Post a Comment