မွေးနေ့၊ မွေးရက်ဖြစ်တဲ့ သြဂုတ်လ ၁ဝ ရက်နေ့မှာ ကုသိုလ်ကောင်း မှုတွေ ပြုလုပ်ခဲ့ပြီး အောင်ဇမ္ဗူတောရ ကျောင်းမှာ တရားစခန်းလည်း ငါးရက်ကြာ ဝင်ဖြစ် ခဲ့တဲ့ ဝတ်မှုံရွှေရည်က တရားစခန်းဝင်နေတဲ့အချိန် ရင်ထဲ မှာ အမှန် တကယ်ကိုအေးချမ်းနေ ခဲ့ပြီးမောဟ စိတ် ၊ဒေါသ စိတ် တွေကို ငြိမ်းစေခဲ့ တယ်လို့ ပြောပြပါတယ်။
''ရင်ထဲမှာ တအားအေးချမ်းတယ်။ ဘာမှ မရှိဘူး။ မောဟ စိတ်၊ ဒေါသ စိတ်တွေ ကို ဖြေလျှော့ပြီး အေးချမ်းမှုရအောင်နေတယ်။ သမာဓိအားကောင်းအောင် တရားထိုင်တယ်။ ပြန်တောင်မထွက်ချင်ဘူး (ရယ်လျက်)။ ဝေယျာဝစ္စတွေ လုပ်ပေးတယ်။ ပုတီးစိပ်တယ်။ ပဋ္ဌာန်းရွတ် တယ်''လို့လည်း ပြောပြခဲ့ပါတယ်။
တရား စခန်းဝင်ပြီး နောက်ပိုင်း ပိုပြီး စိတ်တည်ငြိမ်မှုတွေရလာကြောင်း၊ ဖိအားတွေလည်းမရှိတော့ကြောင်း၊ လူတွေမှာ ရှိတတ်တဲ့ အတ္တ စိတ်တွေလျော့ သွားကြောင်း၊ စိတ်တည်ငြိမ်အောင် ထားတတ်သွားသလို နေလည်းနေတတ်သွားကြောင်း ဝတ်မှုံရွှေရည်က ပြောပါတယ်။ လတ်တလောမှာတော့ ဒါရိုက်တာနေပိုင်ရိုက်ကူးတဲ့ 'စုန်းသောက်ဝိုင်' ဆိုတဲ့ ဇာတ်ကားမှာ ဝတ်မှုံရွှေရည်က မင်းမော်ကွန်းနဲ့အတူ ရိုက်ကူးနေပါတယ်။
No comments:
Post a Comment