Thursday, 23 August 2012

အီရန်တွင် ငလျင်နှစ်ကြိမ်လှုပ် လူ၃၀ဝခန့် သေဆုံးပြီး ၅၀ဝ၀ကျော် ဒဏ်ရာရ


အီရန်နိုင်ငံ အနောက်မြောက်ပိုင်း တွင် ဩဂုတ် ၁၂ရက်က အင် အားပြင်း ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့ရာ လူပေါင်း ၃၀ဝခန့်သေဆုံးပြီး ၅၀ဝ၀ ကျော် ဒဏ်ရာ ရရှိကြောင်း ဖားစ်သတင်း ဌာနက ဩဂုတ် ၁၂ရက်တွင် သတင်း ထုတ်ပြန်သည်။
အရှေ့အဇာဘိုင်ဂျန်ပြည်နယ် တွင် ငလျင်လှုပ်ခတ်မှုများကြောင့် ကျေးရွာ ၁၁၀ပျက်စီးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က ဖားစ်သတင်းဋ္ဌာနသို့ ပြောကြားသည်။ ယင်းပြည်နယ်ရှိ အက်ဟာဒေသတွင်လည်း ငလျင် လှုပ်မှုကြောင့် ကျေးရွာ ၁၂ရွာထက်မနည်းပျက်စီးခဲ့ကြောင်း ဖားစ် သတင်းဌာနကဖော်ပြသည်။ ငလျင်ဒဏ်နှစ်ကြိမ်ကြောင့် ဒဏ်ရာရရှိ သူပေါင်း ၅၀ဝ၀ကျော်ကြောင်း အိုင်အက်စ်အင်န်အေသတင်းဌာနက သတင်းထုတ်ပြန်သည်။
ဒဏ်ရာရရှိသွားသူများအား အရှေ့အဇာ ဘိုင်ဂျန်၊ အနောက်အဇာဘိုင်ဂျန်နှင့် အာဒီဘယ်ပြည်နယ်များရှိ ဆေးရုံများသို့ တင်ပို့ကုသပေးလျက်ရှိသည်။ ပထမငလျင်မှာ ဒေသ စံတော်ချိန် ညနေ ၄နာရီ ၅၃မိနစ်က မြေအောက်အနက် ၁၀ကီလို မီတာကို ဗဟိုပြု၍ လှုတ်ခတ်ခဲ့ကြောင်း ရစ်ခ်ျတာစကေး ၆ အဆင့် ရှိကြောင်း အီရန်နိုင်ငံ မြေငလျင်တိုင်းတာရေးစခန်းကပြောကြားသည်။ နောက်ဆက်တွဲဖြစ်ပေါ်လာမည့်ငလျင်ဒဏ်များကို ကြောက်ရွံ့၍ လူ ပေါင်းထောင်ချီကာ နေအိမ်များ၏အပြင်ဘက်ထွက်၍နေထိုင်ကြရ သည်။
ကြယ်စင်(လားရှိုး)

1 comment:

  1. The 7 best games at JTM Hub - JamBase
    It's the best game site in the whole world! Come and have 경주 출장샵 fun playing at the best casino 상주 출장안마 to play all your 광주 출장샵 favourite casino games! Jtm is a brand new 안성 출장안마 online 서울특별 출장마사지 casino

    ReplyDelete