မြန်မာနိုင်ငံက မိသား စုနဲ့ ပရိသတ်တွေ ကို လွမ်းတဲ့ အတွက် ပြန်လာကာ အနုပညာ အလုပ်တွေ လာလုပ်တာဖြစ် ကြောင်းနဲ့ ဒီတစ်ခေါက် မှာတော့ စီးရီးခွေ နဲ့ ဗီစီဒီ ရိုက်ကူးရေး ပိုင်းတွေ ပြုလုပ်သွားမယ့် အကြောင်းတွေကို သဲနုဝါက..
"အခု၎ခွေ ထွက်ပြီး သွားပြီ။ရေဒီယို သီချင်းတွေကို ဒီနှစ်ထဲမှာ ပဲထွက် တယ် ။ နောက် အခွေ အတွက် သီချင်းတွေ ဆိုပြီး သွားပြီ။ နောက်နှစ် အမီ လုပ်ဖြစ် ဖို့ လုပ်ရမှာပေါ့။ ရိုက်ကူးရေး တွေလုပ်မယ်။ သီချင်းတွေ နည်း နည်း ပြန်စစ်မယ်။အသံစိတ်တိုင်း ကျသွားအောင် ပြန်ဆို စရာ ရှိရင် ပြန်ဆို မယ်။ ရိုက်ကူးရေးကို Live Show ပုံစံ မရိုက်တော့ဘူး။ နယ်ပရိသတ်က မင်းသား၊ မင်းသမီး သဘောကျတယ်။ ဒါရိုက်တာပေါ်မှာပဲ မူတည်ပါတယ်။ ၅ခွေ မြောက်မှာတော့ ဂန္ထဝင် သီချင်းတွေ ဆိုထားတဲ့ အခွေ ထွက်ပါမယ်။ အဲဒီ အခွေကို လည်း ကျွန်မ တအားကြိုးစား ထားပါတယ်။ သီချင်းတွေကို ပရိသတ်ကြိုက်မယ်လို့ မျှော် လင့်ပါတယ်။ အခွေနာမည်ကို 'အကျည်းတန် ချစ်သူ'လို့ နာမည်ပေးထားတယ်။ အရင်က ဦးမောင်မောင်ကြီး ဆိုထားခဲ့တဲ့ သီချင်းပါ။ တအားကောင်းပြီး တအား နာမည်ကြီးခဲ့တဲ့ သီချင်းပါ။ ခက်ခဲ နက်နဲ တဲ့ကြားက အကောင်း ဆုံးဖြစ်အောင် ဆိုထားပါ တယ်" လို့ပြောပါ တယ်။
သဲနုဝါက သြဂုတ်လ ၁ဝရက်နေ့က ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ ကျင်းပ တဲ့ ကာယ ဗလမောင်နှင့်ကာယ အလှမယ် ရွေးပွဲမှာ ပါ ဝင်ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။ သြဂုတ်လ၂၉ရက်နေ့ ဖျော်ဖြေပွဲ တစ်ပွဲမှာ လည်း သီချင်းဆိုပေး ဖို့ရှိပြီး၊ ပရိသတ်နဲ့ မတွေ့ ရတာကြာပြီဖြစ်နေ တဲ့ အတွက် ကမ်းလှမ်းတဲ့ ပွဲတိုင်းလိုလို ဆိုဖြစ်ဖို့ရှိကြောင်း သဲနုဝါက ပြော ပါ တယ်။ သဲနုဝါက ဖေ့စ်ဘုတ်ကို အမြဲ သုံးလေ့ရှိပြီး အင်္ဂလန်မှာ ရှိစဉ်က ပရိသတ်တွေနဲ့ ခင်ခင်မင်ရင်းနှီး တဲ့မိတ်ဆွေတွေ ကို ဖေ့စ် ဘုတ်က တစ်ဆင့်ပဲ ဆက်သွယ်ခဲ့ ရကြောင်း ပြောပါတယ်။ မြန်မာသံ ကို လူငယ်တွေ လည်း ကြိုက်နှစ် သက်နေကြတုန်း ဖြစ်ကြောင်း ကို သဲနုဝါက "ခေတ်ရေစီးကြောင်း အရခေတ် သီချင်းတွေ ကြိုက်မှာပဲ။ မြန်မာသံကို လူငယ် တွေ စိတ်ဝင် စားအောင် ကျွန်မ ထွက်ထားတဲ့ ရေဒီယို သီချင်းလေးတွေဆိုရင် ဆိုပြီး သား တွေရော၊ မဆိုရသေးဘဲ ကွယ် ပျောက်နေ တဲ့ သီချင်း တွေပါတယ်။ လူငယ် တွေကို ရည်ရွယ်ပြီး လုပ်ထားတယ်။ လူ ငယ်တွေ လည်း နား ထောင် ဖြစ် အောင် ရည်ရွယ် ပြီးရေဒီ ယိုသီချင်း တွေကို ၄ ခွေ မြောက် ထွက်ခဲ့ တာပါ"လို့ ပြော ပါတယ်။
No comments:
Post a Comment