Tuesday, 21 August 2012

အဲဗာတန် ရှုံးပွဲတွင် ဗန်ပါစီထံမှ အရည်အသွေးကောင်းများကို အသုံး မချနိုင်ခဲ့ဟု အသင်းအပေါ် ဖာဂူဆန် ဝေဖန်


ရော်ဘင် ဗန်ပါစီထံမှ အကောင်းဆုံး အရည်အသွေးများ ထွက်ပေါ်လာအောင် မိမိ၏ အသင်းက ကူညီမှု မပြုလုပ်နိုင်ခဲ့ဟု အဲဗာတန်အား အရေးနိမ့်သော ပွဲစဉ် အပြီးတွင် မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဝေဖန်လိုက်သည်။

ဖာဂူဆန်သည် ယခုပွဲတွင် အာဆင်နယ်မှ ခေါ်ယူထားသော် နယ်သာလန် လက်ရွေးစင်ကို ပွဲချိန် (၆၉)မိနစ်မှ လူစားလဲ အသုံးပြုခဲ့သည်။ ထိုအချိန်တွင် မန်ယူသည် မော်ရိုဖယ်လိုင်နီ၏ သွင်းဂိုးကြောင့် (၁-၀)ဖြင့် အရေးနိမ့်နေနှင့်ပြီး ဖြစ်သည်။ ဂွတ်ဒီဆင်ပါ့ခ်တွင် မန်ယူ အသင်းသည် ရာသီအဖွင့် အရှုံးရလဒ်နှင့် ကြုံတွေ့ခဲ့ရသည့်နောက် ဖာဂူဆန်က အသင်းအနေဖြင့် ဗန်ပါစီနှင့် အချိတ်အဆက် မမိခဲ့သော ကိစ္စကို ထောက်ပြ ပြောဆိုသွားသည်။ "ကျွန်တော်တို့ အသင်းဟာ ဗန်ပါစီ့ အနားမှာ ဘောလုံးကို အပေးအယူ ကစားလွန်းနေတယ်။ ဒါပေမဲ့ လုံလောက်တဲ့ ထိုးဖောက်နိုင်စွမ်း မရှိခဲ့ဘူး။ အသင်းမှာ ဗန်ပါစီလို ကစားသမား ရှိနေရင် သူ့ရဲ့ စွမ်းရည်ကောင်းတွေကို ရအောင် အသုံးချနိုင်ရမယ် ဆိုတာကို နားလည်ရပါမယ်။ အထူးသဖြင့် ဗဟို ခံစစ်မှူးတွေကို ကျော်ဖြတ်ရာမှာ သူက သိပ်ထူးချွန်တယ်။ ဒါပေမဲ့ အသင်းက သူ့ကို လုံလောက်တဲ့ အခြေအနေမျိုး မထောက်ပံ့နိုင်ခဲ့ဘူး" ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။


အဲဗာတန် မန်နေဂျာ ဒေးဗစ်မိုယက်စ်ကမူ မန်ယူအသင်း လူငယ်ဂိုးသမား ဒေးဗစ်ဒီဂီယာ၏ လက်စွမ်းကို ချီးကျူးခဲ့ပြီး ယခုနိုင်ပွဲသည် အဲဗာတန်အတွက် တစ်ရာသီလုံးစာ ဖြတ်သန်းမှုတွင် အစိတ်အပိုင်း တစ်ခုသာ ဖြစ်ကြောင်း ပြောဆိုသွားသည်။ "ကျွန်တော်တို့ ရာသီအဖွင့် အကောင်းဆုံး ဖြစ်နေပြီလို့ မပြောနိုင်ပါဘူး။ ကျွန်တော်တို့ ရာသီအစကောင်းပြီး ရာသီကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရတာ တစ်ကြိမ်ပဲ ကြုံဖူးပါသေးတယ်။ ခုပွဲ ပထမပိုင်းမှာ ဒီဂီယာရဲ့ ကာကွယ်ပုံတွေက အရမ်းကို ကောင်းလွန်းပါတယ်။ ခုပွဲမှာ ကျွန်တော်တို့ဟာ ဘောလုံး ဆုံးရှုံးသွားရင်လည်း ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပါတယ်။ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ကို အားရမိပါတယ်။ ကျွန်တော်တို့ဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ ခက်ခဲတဲ့ ပွဲတစ်ပွဲကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ"ဟု မိုယက်စ်က မှတ်ချက်ပြုသွားခဲ့သည်။
အသင်းမှာ ဗန်ပါစီလို ကစားသမား ရှိနေရင် သူ့ရဲ့ စွမ်းရည်ကောင်းတွေကို ရအောင် အသုံးချနိုင်ရမယ် ဆိုတာကို နားလည်ရပါမယ်။ အထူးသဖြင့် ဗဟို ခံစစ်မှူးတွေကို ကျော်ဖြတ်ရာမှာ သူက သိပ်ထူးချွန်တယ်။ ဒါပေမဲ့ အသင်းက သူ့ကို လုံလောက်တဲ့ အခြေအနေမျိုး မထောက်ပံ့နိုင်ခဲ့ဘူး..
Ref: Daily Mail


1 comment:

  1. မန်ယူကွာ.... နလန်ပြန်ထူစမ်းပါဦး...

    ReplyDelete