ခြေစွမ်းပိုမိုတိုးတက်ရန် လိုအပ်သည်ဟု ဂစ်သတိပေး
-
28 Jul 2012 |
-
By Soccer
-
- အိုလံပစ် ပြိုင်ပွဲ၏ အုပ်စုအဆင့်ကို ကျော်ဖြတ်လိုပါက ခြေစွမ်းပိုင်း ယခုထက်
ပိုမိုကောင်းမွန်ရန် လိုအပ်သည်ဟု အသင်းခေါင်းဆောင် ဂစ်မှ သတိပေး
ပြောဆိုခဲ့သည်။ ဂရိတ်ဗြိတိန် အသင်းသည် ဆီနီဂေါနှင့် ကစားခဲ့သည့် ပွဲစဉ်တွင်
ဘယ်လာမီ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင် ခဲ့သော်လည်း ကနူတေး၏ ချေပဂိုးကို
ခွင့်ပြုခဲ့ရခြင်းကြောင့် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရပြီး ဂစ်မှ ဒုတိယ
ပွဲစဉ်ဖြစ်သည့် ယူအေအီးနှင့် ပွဲစဉ်တွင် ပိုမိုကောင်းမွန်သော ရလာဒ်ကို
အလိုရှိပါက ယခုထက် ပိုမို၍ ကြိုးစားရန် လိုအပ်သည်ဟု အသင်းဖော်များကို
တိုက်တွန်း ပြောဆိုခဲ့သည်။ “ကျွန်တော်တို့ တိုးတက်ဖို့လိုပါတယ် အကယ်၍
အုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ ဆန္ဒရှိတယ်ဆိုရင်ပေါ့။ လက်ကျန်ပွဲ နှစ်ပွဲမှာ
တစ်ပွဲကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်”ဟု ဂစ်မှ သတင်းထောက်များသို့
ပြောဆိုခဲ့သည်။ ဂစ်မှ ဆက်လက်ပြီး ဆီနီဂေါ အသင်း၏ ကြမ်းတမ်းစွာ ကစားပုံကို
စိတ်ပျက်မိကြောင်းနှင့် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို ဝေဖန်ခဲ့သည်။
-
-
- (Credit http://www.yoyarlay.com/sport/sport/football/28587-2012-07-28-09-42-02)
No comments:
Post a Comment