- 30 Jul 2012 |
- By Popular News
- ‘ကော်ဖီပူ လေးသောက် လိုက်ပါဦး’၊ ‘ချစ်ရည်းစား’ စတဲ့ သီချင်းတွေကို
ပရိသတ်တွေ ရဲ့ နှုတ်ဖျားမှာ စွဲနေနိုင်အောင် သီဆိုခဲ့တဲ့ ပိုးဒါလီသိန်းတန်က
မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ ခွဲခွာပြီး မိသားစုတွေနဲ့ အတူ
အမေရိကမှာနေထိုင်ခဲ့တာ ၁၅ နှစ်နီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။
ပိုးဒါလီသိန်းတန်ရဲ့သီချင်းတွေကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ
စွဲထင်နေပြီးတမ်းတမ်းတတရှိနေဆဲဖြစ်ပါတယ်။ ပိုးဒါလီသိန်းတန်ရဲ့ အဖေဖြစ်သူ
မြန်မာပြည်သိန်းတန်က မြန်မာပြည်ကို အလွမ်းပြေအနေနဲ့ ဖျော်ဖြေပွဲလာရောက်ခဲ့
သလို ပိုးဒါလီသိန်းတန်ကိုလည်း ပရိသတ်တွေက အလွမ်းပြေအနေနဲ့ မြန်မာပြည်မှာ
ဖျော်ဖြေပွဲလုပ်စေချင်ကြပါတယ်။ ပိုးဒါလီသိန်းတန် ကလည်း ပရိသတ်တွေနဲ့
အဆက်မပြတ်အောင် သူမရဲ့ပရိသတ်တွေ၊ မိတ်ဆွေတွေနဲ့
ဖေ့စ်ဘုတ်ပေါ်မှာတွေ့ဖြစ်သလို ပေါ်ပြူလာနဲ့လည်း ယခုလို
တွေ့ဆုံအင်တာဗျူးဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကို ဘယ်တော့အလည်ပြန်လာမှာလဲ။ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ခွဲသွားတာ ဘယ်နှနှစ်ရှိပြီလဲ။
အခုလာမယ့်ဒီဇင်ဘာမှာမပိုးပြန်လာမယ့်အစီအစဉ်လေးရှိပါတယ်။ မပိုးရဲ့ဖခင်ဖြစ်တဲ့ ဦးသိန်းတန်နဲ့အတူတူ မပိုးတစ်သက်မှာ တစ်ခါမှပွဲမလုပ်ဖြစ်ဘူး။ ဒက်ဒီက မကြာ မီလေးတင်ကပဲ မပိုးကိုသူနဲ့အတူ မြန်မာနိုင်ငံမှာတစ်ပွဲလုပ်ဖို့ တမ်းတမ်းတတ တောင်းဆိုတယ်။ မပိုးရဲ့ရင်းနှီးတဲ့ မိတ်ဆွေအများကလည်း ဖိတ်ခေါ်တာနဲ့ မပိုးပျော်ရွှင်စွာ လက်ခံလိုက်ပါတယ်။ ၁၉၉၇ခုနှစ်ထဲက ထင်တယ်။ မပိုးရည်ရွယ်ပြီး အဆက်အသွယ်ပြတ်သွားတာတော့ မဟုတ်ပါဘူး။ အချိန်ပြည့် အိမ်ထောင်ရှင် မိခင်တစ်ယောက် အနေနဲ့ တစ်နေ့တစ်နေ့ ကုန်လွန်သွားတာကို သတိမထားမိခဲ့တာပါ။
အစ်မရဲ့ မိသားစုအကြောင်းလည်း ပြောပြပေးပါဦး။ အစ်မ အမေရိကမှာ စီးပွားရေးလုပ်ဖြစ်နေလား။
အမေရိကန်နိုင်ငံမှာ မပိုးရဲ့အမျိုးသားကိုညီညီရယ်၊ သမီးလေး ၃ယောက်နဲ့ မပိုးမိခင်နဲ့အတူနေထိုင်ပါတယ်။ မပိုးရဲ့ ညီမလေး ၃ ယောက်ထဲက ၂ယောက်ကလည်း ဒီအမေရိကမှာပဲဆိုတော့ မိသားစုက သိုက်သိုက်ဝန်းဝန်းရှိပါတယ်။ မပိုးကတော့ ဒီမှာဘာအလုပ်မှ မလုပ်ဘူး။ သမီးလေးတွေကို စာသင်ပြုစုပျိုးထောင်ပေးတဲ့ တာဝန် ပဲပေါ့။ မပိုးရဲ့ အခုဘဝတစ်သက်တာလေးက ရိုးရှင်းပြီးပြည့်စုံ တည်ကြည်အေးချမ်းပါတယ်။ မပိုးကိုယ်တိုင်တော့ မလုပ်ဖြစ်ပါဘူး။ ဒါပေမဲ့ မပိုးရဲ့မိသားစုကတော့ ကုန်သွယ်ရေး လုပ်ငန်းလုပ်ပါတယ်။
အမေရိကမှာကော ဖျော်ဖြေပွဲတွေမှာ ပါဝင်ဖြစ်လား။ သီချင်းခွေကော စီစဉ်ဖြစ်လား။
ဖျော်ဖြေပွဲတော့ မပါဝင်ဖြစ်ဘူး။ ဂီတ လှုပ်ရှားမှုနဲ့ပတ်သက်လို့တော့ မပိုးဘာသာရေး တေးသီချင်းလေးတွေပဲဆိုပြီး ရီကောဒင်းလုပ်ဖြစ်ပါတယ်။စီးရီးအသစ်တွေတော့ အခုလောလောဆယ် အစီအစဉ်မရှိသေးပါဘူး။ စီးရီးအဟောင်း’မိုးလောက်ကြီးချစ်တယ်’၊ ‘ကော်ဖီပူလေး သောက်လိုက်ပါဦး’၊ ‘ကောင်းကင်ပြာ’နဲ့ ‘ချစ်ရည်းစား’တို့ ကိုတော့ ဓာတ်ပုံ အဖုံးအသစ်နဲ့ Remaster လုပ်ဖို့တော့ စိတ်ကူးနေပါတယ်။ မပိုးရဲ့ မိတ်ဆွေပရိသတ်တွေက မပိုးသီချင်းအဟောင်းတွေကို ရှာလို့ မရတော့ဘူး ဆိုပြီး တောင်းဆိုလို့ပါ။
အင်တာနက်ကနေပြီးတော့ မြန်မာနိုင်ငံ ဂီတလောကအကြောင်းတွေကိုကော လေ့လာဖြစ်လား။ အခုလက်ရှိ ဂီတမျိုးဆက်သစ်က ဘယ်အဆိုတော်ကို သဘောကျလဲ။ ဘာကြောင့်လဲ။ အမေရိကမှာနေရင်းနဲ့ မြန်မာနိုင်ငံက မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဘယ်လိုမျိုး အဆက် အသွယ်လုပ်ဖြစ်လဲ။
ဝါသနာရှင်တစ်ဦးအနေနဲ့လေ့လာဖြစ်ပါတယ်။ အဲဒါကတော့ မျိုးကြီးလို့ပဲ ဆိုရမှာ ပေါ့။ သူကမပိုးရဲ့ မောင်တစ်ဝမ်းကိုး။ Email နဲ့ Facebook ပဲပေါ့။ မြန်မာနိုင်ငံကို ပြန်လာချင်စိတ်ကော မဖြစ်မိဘူးလား။ ပေါ်ပြူလာဂျာနယ် ကတစ်ဆင့် မပိုးရဲ့ပရိသတ်ကို စကားလက်ဆောင်ပါးပေးပါဦး။ အမိမြေ၊ ဇာတိဆိုတော့ အမြဲသတိရတာပေါ့။ မပိုးက ကိုယ့်မြန်မာနိုင်ငံအတွက် ဂုဏ်ယူဝမ်းသာပြီး တအားပျော်ရွှင်စွာ မိတ်ဆွေပရိသတ်တွေနဲ့ပွဲမှာ ပြန်လည်ဆုံတွေ့ ဖို့ မျှော်လင့်တောင့်တနေပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာရေးရာ၊ ရုပ်ရှင်၊ သီချင်း စသည့်ကဏ္ဍများကို စုံလင်စွာ နေ့စဉ်တင်ပြထားပါသည်။ လာရောက်ကြည့်ရှုအားပေးကြသူများအားလုံးကို ကျေးဇူးတင်ပါသည်။
Monday, 30 July 2012
ဒီဇင်ဘာမှာ မြန်မာပရိသတ်နဲ့ လာရောက် တွေ့ဆုံမယ့် ပိုးဒါလီသိန်းတန်နဲ့ အကြို တွေ့ဆုံခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment