အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်များ
ကျဆုံး ခဲ့ရသော နိုင်ငံတော် လုပ်ကြံမှုကို ကြိုး ကိုင်ခဲ့သူ ဂဠုန်ဦးစော
သူရိယသတင်းစာ တွင် ရေးသား ခဲ့သော 'ဂျပန်လမ်းညွှန်' စာအုပ် စာမူခ ကျပ်
၁၀သိန်းတန်ဖိုးရှိ စာအုပ်များကို နိုင်ငံတစ်ဝန်းလုံးရှိမြို့ကြီး များမှ
စာကြည့်တိုက်များသို့ လှူဒါန်း ထားကြောင်း ဂဠုန်ဦးစော၏ မျိုးဆက်
မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
လောလောဆယ် ထုတ်ဝေသူထံမှ ရရှိသည့်စာမူခဖြင့် စာအုပ်များ ပြန်လည် ၀ယ်ယူကာ
စာကြည့်တိုက် ၁၂၅ ခုသို့ လှူဒါန်းထားပြီး ထပ်မံရရှိမည့် ငွေများဖြင့်
မြန်မာစာသင်ကြားသည့် ပြည်ပတက္ကသိုလ်များသို့ ဆက်လက်
လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ စာအုပ်တန်ဖိုးမှာ ကျပ် ၈၀၀၀ ဖြစ်၍
ဈေးနှုန်းအနည်းငယ်ကြီးမြင့်သဖြင့် စာအုပ်ပြန်လည် ၀ယ်ယူလှူဒါန်းခြင်း
ဖြစ်ကြောင်း ဂဠုန်ဦးစောမြေး ဒေါ်မွန် မွန်ရင်၏ ခင်ပွန်းဖြစ်သူ ဒေါက်တာ
ဦးစိုးသိန်းက The Voice Weekly သို့ ပြောကြားသည်။
အဆိုပါ 'ဂျပန်လမ်းညွှန်' စာအုပ် အမှာစာတွင် ဂဠုန်ဦးစော၏ မြေးဖြစ် သူ
ဒေါ်မွန်မွန်ရင်က ဂဠုန်ဦးစော၏ စာအုပ်အချို့မှာ ပုံနှိပ်ထုတ်ဝေဖူးပြီး
အချို့ကို လက်ရေးမူအဖြစ်သာ သိမ်း ဆည်းထားကာ ယခုစာအုပ်တွင်မူ မြန်မာ
ပြည်တိုးတက်စေလိုသည့်စေတနာဖြင့် တိုး တက်သောနိုင်ငံအကြောင်း လေ့လာတင်
ပြထားကြောင်း ၊ Fame Publishing House မှ ဒေါက်တာခင်မောင်လွင်က
သိသင့်သိထိုက်သော သမိုင်းဖြစ်ရပ်များ ကို စေတနာဖြင့် ထုတ်ဝေမည်ဟု ယုံ
ကြည်သဖြင့် ထုတ်ဝေခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်း စာအုပ်ထုတ်ဝေရခြင်းနှင့်
ပတ်သက်၍ ရှင်းလင်းထားသည်။ ဂဠုန်ဦးစော၏ အဆိုပါစာအုပ် ကို ၁၉၃၅ ခုနှစ်တွင်
သူရိယသတင်းစာ တိုက်က ပထမအကြိမ် ပုံနှိပ်ထုတ်ဝေ ခဲ့သည်။
No comments:
Post a Comment