နှစ်စဉ် ကျင်းပမြဲဖြစ်သော မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာ မြို့နယ်
အတွင်းရှိ တောင်ပြုံး ပွဲတော်တွင် ဆိုင်ခန်း ငှားရမ်းခများ ယခင်နှစ်ထက်
များစွာ မြင့်တက်သွား၍ ၁၂ ပွဲ ဈေးသည်များ တောင်ပြုံး ပွဲတော်တွင်
ဈေးလာရောက် ရောင်းချရေး အဆင်မပြေ ဖြစ်နေသည်ဟု ၄င်းဈေးသည်များက ပြောသည်။
”တောင်ပြုံးပွဲကို ဈေးလာ ရောင်းနေတာ နှစ် ၂ဝ ကျော်ပြီ။ ဒီနှစ်တောင်းတဲ့
ဈေးနဲ့ဆို တောင် ပြုံးမှာ ဆိုင်ခန်း ငှားပြီး မထွက်နိုင် တော့ဘူး” ဟု
ချား၊ ရဟတ်၊ ပျော် ပွဲရွှင် ပွဲဖြင့် နယ်လှည့် ဈေးရောင်းနေ သည့် အသက် ၅ဝ
ကျော် အရွယ် ၁၂ ပွဲဈေးသည် ဦးတင်ထွန်းက ပြောသည်။ တောင်ပြုံးပွဲတော်
ဆိုင်ခန်း ငှားရမ်းခများမှာ ယခင်နှစ်ထက် ဈေး နှုန်းများစွာ မြင့်တက်
သွားခဲ့ပြီး နန်း နှင့်နီးသော ဆိုင်ခန်းများမှာ မျက်နှာ ဖွင့် ၄ ပေခွဲ
တစ်ခန်း ယခင်နှစ် က ကျပ် ၈ သောင်း ဝန်းကျင်ဖြင့်သာ ငှားရမ်းခွင့်
ရရှိခဲ့သော်လည်း ယခု နှစ်တွင် ကျပ် ၄ သိန်း၊ ၅ သိန်း နီးပါးအထိ
ဈေးနှုန်းများ မြင့်တက် သွားကြောင်း၊ ထိုမြင့် တက် သွားသော
ဈေးနှုန်းများမှာ မြန်မာနိုင်ငံ တစ်ဝန်း ကျင်းပနေသော ဘုရားပွဲ၊
ဈေးပွဲများတွင် မကြုံဖူး၊ မကြားဖူးသော ဈေးနှုန်းများ ဖြစ်နေ၍ ၁၂ ပွဲ
ဈေးသည် များ တောင်ပြုံးပွဲတော် တွင် ဆိုင်ခန်း ငှားရမ်း ရောင်းချရန် အခက်
တွေ့နေရခြင်း ဖြစ်ကြောင်း ၁၂ ပွဲ ဈေးသည် ကိုထင်လင်းဦးက ပြောသည်။
ထိုသို့ တောင်ပြုံး ပွဲတော် ဆိုင်ခန်း ငှားရမ်းခများ ဈေးနှုန်း
မြင့်တက်သွားခြင်းမှာ လေလံ စနစ်ကြောင့် ဖြစ်ကြောင်း၊ ယခင်နှစ် များက
တောင်ပြုံး ပွဲတော် ဆိုင်ခန်းများ တစ်ဆင့် ငှားရမ်းခွင့် ကန်ထရိုက် စနစ်ကို
ဘုရား ဂေါပကအဖွဲ့နှင့် ညှိနှိုင်း၍ ညှိနှိုင်း ဈေးဖြင့်သာ လုပ်ဆောင်ခဲ့သော်
လည်း ယခုနှစ်တွင် လေလံစနစ်သို့ ပြောင်းလဲ ခဲ့ကြောင်း၊ ဆိုင်ခန်း
ငှားရမ်းခွင့် ကန်ထရိုက် ရလိုသူ လုပ်ငန်းရှင် များမှ ဈေးနှုန်း အပြိုင်
ပေး၍ လေလံ ဆွဲကြရာ မှ ယခုကဲ့သို့ ဈေးနှုန်းများ မြင့်တက်သွား ရခြင်း
ဖြစ်ကြောင်း တောင်ပြုံး ပွဲတော် ဈေးဆိုင်ခန်း ရောင်းချရေး တာဝန်ခံ
ဦးဥာဏ်ဝင်း က ပြောသည်။
ဦးဥာဏ်ဝင်းက ”လေလံဆွဲရာ မှာ ဈေးနှုန်း ကန့်သတ်ချက် မထား မိတော့
အခုလိုမျိုး ဈေးတွေ ဖြစ် သွားတာပါ။ နောက်နှစ် ဆိုရင်တော့ အခု ဈေးနှုန်းထက်
တစ်ဝက်ဈေး လောက်အထိ ဈေးကျမယ် ထင်ပါ တယ်” ဟု သုံးသပ်ပြောပြသည်။ ၁၂
ပွဲဈေးသည်များမှ ဆိုင်ခန်း ငှားရမ်းရန် လာရောက် ဆက်သွယ်မှု
နည်းနေသေးကြောင်း၊ ဆိုင်ခန်း နေရာ အကွက် အကွင်းပေါ် မူတည် ၍ ၄ ပေခွဲ
ဆိုင်ခန်း တစ်ခန်း ကျပ် ၅ သိန်းမှ ကျပ် ၃ သောင်းအထိ ဈေးနှုန်း သတ်မှတ်
ငှားရမ်းပေးကြောင်း၊ ဆိုင်ခန်း ပြန်လည် ငှားရမ်းပေးနေသော ကန်ထရိုက်မှာ
အမြတ် မရရှိဘဲ အရင်း အတိုင်း သာ ငှားပေးနေကြောင်း၊ လေလံငွေကြေးများမှာ
ဘုရားဂေါပက အဖွဲ့သို့ ပေးသွင်းပြီး ဖြစ်၍ ယခုနှစ် အတွက် ဈေးနှုန်း
မလျှော့နိုင်တော့ကြောင်း ဦးဥာဏ်ဝင်း က ပြော သည်။
တောင်ပြုံး ပွဲတော် ဆိုင်ခန်း များ လေလံ စနစ်ဖြင့် ရောင်းချခဲ့၍
ဂေါပကအဖွဲ့မှာ ယခင်နှစ်က အလှူ ငွေ ကျပ် သိန်း ၁ဝဝဝ ကျော်သာ ရရှိခဲ့ရာမှ
ယခုနှစ်တွင် အလှူငွေ ကျပ်သိန်း ၃၅ဝဝ ကျော် အထိ တိုးမြင့် ရရှိခဲ့ကြောင်း
တောင်ပြုံး ဂေါပက အဖွဲ့မှ သိရသည်။ တောင်ပြုံး ပွဲတော်ကြီးကို သြဂုတ်လ ၂၅
ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့ အထိ ကျင်းပမည် ဖြစ်ပြီး ပွဲတော်တွင်
ဈေးဆိုင်ခန်းများ၊ ချားရဟတ်များ၊ မျက်လှည့်၊ ဆပ်ကပ်နှင့်
ပျော်ပွဲရွှင်ပွဲများ၊ ကုမ္ပဏီ အရောင်းမြှင့်တင်ရေး ဆိုင်ခန်း များကို စတင်
ရောင်းချပေးနေပြီ ဖြစ်ပြီး ယခင်နှစ် ဆိုင်ခန်းရှင်များ အား ဇူလိုင် ၂၈
ရက်နေ့ အထိ ဦးစားပေး ငှားရမ်း ရောင်းချ ပေးမည် ဖြစ်ကြောင်း၊ ကျန်ဆိုင်ခန်း
များကို ဦးရာလူ စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း တောင်ပြုံး ပွဲတော်
ဆိုင် ခန်းငှားရမ်းရောင်း ချရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။
မောင်တာ
(Credit ရိုးရာလေး)
No comments:
Post a Comment