မြန်မာ အမျိုးသမီးရေးရာ ဝတ်စား ဆင်ယင်မှုပြပွဲရဲ့ အာဆီယံ ကဏ္ဍမှာ ဒီဇိုင်နာ
မေမြဝါဆို ရဲ့ ဘရူနိုင်း ဝတ်စုံနဲ့ သရုပ်ဆောင် ပြခဲ့တာ ကတော့
မေဂရေ့စ်ပယ်ရီ ပဲဖြစ်ပါ တယ်။ ဒီလို လျှောက်ဖူးခြင်းဟာ သူမ အတွက် ပထမဆုံး
အကြိမ် အတွေ့အကြုံ ဖြစ်ပြီး ဘရူနိုင်း နိုင်ငံ ဝတ်စုံလေးနဲ့ လျှောက်ဖို့
ကမ်းလှမ်းတဲ့ အတွက် ဂုဏ်ရှိတယ်လို့ ခံစား မိကြောင်း လည်း မေဂရေ့စ်ပယ်ရီက
ဆိုပါတယ်။ လတ်တလောမှာ မဂ္ဂဇင်းတွေနဲ့ ကြော်ငြာတွေ ရိုက်ကူးနေတဲ့
မေဂရေ့စ်ပယ်ရီ က ဦးမီးပွား၊ စိုင်းစိုင်းခမ်းလှိုင် နဲ့ ဗီဒီယို ဇာတ်ကား
တစ်ကား ရိုက်ကူးဦးမှာ ဖြစ်ပါတယ်။ ဒုတိယမြောက် ဇာတ်ကား ရိုက်ကူးမှု
အတွေ့အကြုံ ဖြစ်ပြီး ပထမ သရုပ်ဆောင်ထားတဲ့ နေတိုး နဲ့ ဇာတ်ကား လည်း ပရိသတ်
ရှေ့ မရောက်သေးပါဘူး။ ဇာတ်ကားတွေ ရိုက်ကူးတော့မှာ ဖြစ်တာကြောင့် မြန် မာ
စကားကို သွက်သွက်လက် လက်ပြောနိုင်ဖို့ လေ့ကျင့်နေ ရသလား ဆိုတာ ကိုတော့
မေဂရေ့စ်ပယ်ရီ က ”လေ့ကျင့်နေတယ်။ အဆင်ပြေ မှာပါ။ မြန်မာ စကားကို အမေနဲ့
အိမ်မှာ ပြောတယ်။ သူငယ်ချင်းတွေ နဲ့ တွေ့ရင်လည်းပြော တယ်။ မြန်မာ ဇာတ်ကား
တွေလည်း ကြည့် တယ်။ မြန်မာ စကား သွက်သွက်လက်လက် ပြောနိုင်ဖို့တော့
ကြိုးစားနေ တုန်း ပါပဲ” လို့ ပြောပြီး အကယ်လို့ အင်္ဂလိပ် စကားပြောပြီး
သရုပ်ဆောင် ရမယ့် ဇာတ်ကားမျိုး ကမ်းလှမ်းလာခဲ့မယ် ဆိုရင် ကောလက်ခံ မလား
မေးတော့ လက်ခံ မှာပေါ့လို့ သွက်လက်စွာ ပြန်ဖြေပါတယ်။
အနုပညာ အလုပ်လည်း လုပ်ရင်း ကျောင်းလည်း တစ်ဖက်က တက်နေ ရတာကြောင့် ဇာတ်ကား
ရိုက်ကူးမှု အနေနဲ့ နောက် ထပ် ကမ်းလှမ်းလာ မျိုးတွေ ရှိရင်လည်း
အဆင်ပြေရင်တော့ လက်ခံ ရိုက်ကူးမှာ ဖြစ်တယ် ဆိုတဲ့ မေဂရေ့စ်ပယ်ရီကို အခု
လက်ခံထားတဲ့ စိုင်းစိုင်းခမ်းလှိုင် နဲ့ဇာတ်ကား မှာ ဘယ်လို ဇာတ်ရုပ်နဲ့
သရုပ်ဆောင်မှာ လဲလို့ မေးဖြစ်တဲ့ အခါ ဇာတ်လမ်း က ကောင်းလွန်းတဲ့ အတွက်
ပရိသတ်တွေ စောင့်ကြည့်စေ ချင်ကြောင်း ပြောပါတယ်။ နေတိုးနဲ့ ရိုက်ကူးခဲ့တဲ့
ဇာတ်ကားမှ ရရှိခဲ့တဲ့ အတွေ့ အကြုံတွေကလည်း အခုရိုက်မယ့် ဒုတိယ ဇာတ်ကားအတွက်
အထောက်အကူ ဖြစ်မယ်ထင်ကြောင်း မေဂရေ့စ်ပယ်ရီက ဆိုပါတယ်။
ဝဿန်
ဓာတ်ပုံအေးဇော်မိုး(စက်မှု)
Popular Journal
No comments:
Post a Comment