Android OS သုံး ဖုန်းဟန်းဆက် များတွင် Root လုပ်ရန် မလိုဘဲ မြန်မာစာ
စာတို ပို့စနစ် (SMS) စနစ်ကို အသုံးပြုနိုင်မည်ဖြစ်သည် ဟု အဆိုပါ SMS
စနစ်ကို ဆားဗစ် ပေးမည့်SMS မှ သိရသည်။ အဆိုပါ ဝန်ဆောင်မှုကို လာ မည့် ဩဂုတ်လ
၁၀ ရက်မှ ၁၂ ရက်နေ့အတွင်းကျင်းပမည့် အိုင်စီ တီပြပွဲတွင် စတင်မိတ်ဆက် ထည့်
သွင်းပေးသွားမည်ဖြစ်ပြီး ထည့် သွင်းခအနေဖြင့် ကျပ် ၇၅၀ဝ ကျ
သင့်မည်ဖြစ်သည်ဟု သိရသည်။
ယင်းသို့Android ဖုန်းများ တွင် root လုပ်ရန်မလိုဘဲ မြန်မာ စာSMS စနစ်
အသုံးပြုနိုင်ခြင်းနှင့် ပတ်သက်ပြီးSM3 မှ ကိုတင်မျိုး ဟန်က
“အရင်တုန်းကတောဲ့Java ဖုန်းတွေSymbium ဖုန်း တွေမှာ ရပြီးသားပဲ။ အခုက
Android ဖုန်းတွေအတွက်ပါ။ ဒီလို root လုပ်ဖို့မလိုဘဲ မြန်မာစာSMS
ပို့နိုင်တာက ဒီမှာက တချို့က ဖုန်း ကို root မလုပ်ချင်တာ ရှိတယ်။ ဒါပေမယ့်
မြန်မာစာ သုံးချင်တယ်။ အဲဒီလို အခြေအနေမျိုးမှာ ရှိတယ် ဆိုရင်
ပြေလည်နိုင်အောင်ပါ။ ဒါဆို အများကြီး ပြေလည်သွားပါမယ်။မြန်မာစာကို
သုံးလို့ရနိုင်ပါတယ်။ နောက်တစ်ခုက သူ့မှာ ပါတဲ့ option တစ်ခုက gmail ကို
သ်ူငညန အနေနဲ့ သိမ်းထားပေးနိုင် ပါတယ်။ ကျွန်တော်တို့Huawei
ဖုန်းတွေမှာဆိုရင် Gmail ကို official သုံးလို့ မရတာတွေ ရှိပါ တယ်။
အဲဒီလိုဖုန်းတွေဆို ထည့် သုံးလို့ ရပါတယ်။ နောက်တစ်ခုက သူက
အင်တာနက်မှာဝင်ပြီး Gmail ကိုကြည့်တယ် ဆိုတာနဲ့ အဲဒီ option အနေနဲ့Gmail
ကို download လုပ်ထားပေးမယ်။ အဲဒီတော့ အရေးကြီး Email တွေ ဘာတွေရှိရင်
ကိုယ့်ဖုန်းထဲမှာ ကျန်ခဲ့နေတယ်။ အဆင်ပြေနိုင်တယ်။ ပုံမှန်ဆိုရင်တော့Browser
ထဲဝင် ရင် တွေ့ရပါတယ်။ ဒါပေမယ့် ဒါ က ဖုန်းထဲမှာ offline အနေနဲ့
သိမ်းပေးထားတာပါ။ email ကို သိမ်းချင်တဲ့သူတွေ အတွက်ပါ။ ဒီ software ကို
ကျွန်တော်တို့က ရောင်းပေးမှာပါ။ လာမယ့် ဩဂုတ် လပွဲမှာစပြီး lounge လုပ်မယ်။
ဖုန်းကို root မလုပ်ဘဲ မြန်မာစာသုံး ချင်တဲ့သူတွေလည်း အဆင်ပြေ
မယ်ထင်ပါတယ်” ဟုရှင်းပြသည်။
အဆိုပါ SM3 SMS ဆား ဗစ်ကိုpay software အနေဖြင့်
ရောင်းချပေးမည်ဖြစ်သည်ဟု သိရပြီး ယခင်က အခြားဖုန်းဟန်း ဆက်များတွင်
အသုံးပြုနိုင်ပြီး ယခု တစ်ကြိမ်တွင်Android ဖုန်းများ အတွက်
အသုံးပြုနိုင်ခြင်း ဖြစ်မည် ဖြစ်သည်ဟု သိရသည်။ှSM3 အနေဖြင့်
မိုဘိုင်းဖုန်း ပေါ်တွင် အသုံးပြုနိုင်သော application များကို
ပြည်တွင်းရောင်း ချခြင်း၊ အခမဲ့ပေးခြင်းများကို ပြု လုပ်ပေးပြီး
အများအားဖြင့် အခမဲ့ အသုံးပြုနိုင်သောapplication များကို
မိုဘိုင်းဖုန်းသုံးစွဲသူများ ကြိုက်နှစ်သက်သည်ဟုလည်း သုံးစွဲသူများထံက
သိရသည်။
တင်ဇာအောင်
No comments:
Post a Comment